Xbox 360 အတွက် Wireless Guitar

ပို့စ်တင်ချိန် - 3/05/2014 11:35:00 AM


Xbox 360 ဂိမ်းစက်များအတွက် Guitar Hero Series နှင့် Rock Band အားလုံးဖြင့် တွဲဖက်အသုံးပြုနိုင်မည့် Wireless Guitar တစ်မျိုး ဝင်ရောက်လာကြောင်း သိရသည်။

"Guitar Hero 3 နောက်ပိုင်းမှ ထွက်ရှိတဲ့အခွေတွေကစပြီး လက်ကိုင်နဲ့ မကစားနိုင်တော့ပါဘူး။ Wireless Guitar က Receiver နဲ့ ၂၅ ပေအကွာအဝေးအထိ အသုံးပြုနိုင်ပါတယ်။ Design ပိုင်းမှာ Compact ဖြစ်အောင် ဖန်တီးထားပြီး TOP Fret Buttons နဲ့ Bottom Fret Buttons နှစ်နေရာ ခွဲခြားထားတဲ့အတွက် ကစားသမားကြိုက်နှစ်သက်တဲ့ ပုံစံနဲ့ကစားနိုင်ပါတယ်။ Xbox 360 နဲ့ ချိတ်ဆက်ရန် Original ကြိုးလက်ကိုင်တစ်ဖက် လိုအပ်မှာဖြစ်ပါတယ်။ ယခု Wireless guitar pack အတွင်းမှာလည်း Original ကြိုးလက်ကိုင် တစ်ဖက်ပါဝင်မှာဖြစ်တဲ့အတွက် ထပ်မံ ဝယ်ယူရန်လိုအပ်မှာ မဟုတ်တော့ပါဘူး။ ရောင်းဈေးကို ၅၀,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်”ဟု PHYO IT PLAZA (MOBILE, CAMERA, GAME) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသုံးပြုလိုပါက (MDY) PHYO IT PLAZA (MOBILE, CAMERA, GAME ဖုန်း ၀၂-၃၃၄၃၁ နှင့် (YGN) NEW SONY ဖုန်း ၀၉-၅၁၆၁၇၀၇ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မည်ဖြစ်သည်။
-ကိုအောင်

Internet Journal