ဖိလစ်ပိုင်ရေတပ်မှ AW109 Helicopter များ

ပို့စ်တင်ချိန် - 4/06/2014 04:01:00 PM



ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ရေတပ်ဆိုင်ဆိုင်ရာ အသုံးပြုနိုင်သော AW109 ရဟတ်ယာဉ် ၂ စီးထက်မနည်းအား လက်ခံရရှိခဲ့ပါသည်။ အဆိုပါရဟတ်ယာဉ်များသည် ၂၀၁၂ ခုနှစ်ကတည်း ကပင် မှာယူထားခြင်း ဖြစ်ပါသည်။ AW109 အနေဖြင့် ဖိလစ်ပိုင်တပ်မတော်တွင် ရေပန်းစားလျက်ရှိပြီး ၄င်းရဟတ်ယာဉ်တွင် ၁၂.၇ မမ (.၅၀ ကာလီဘာ) စက်သေနတ်လည်း တပ်ဆင်နိုင်ပါသည်။ ရဟတ်ယာဉ် အနေဖြင့် ဒုံးပျံ ၈ စင်းပစ်ခတ်နိုင်စွမ်းရှိပြီး AW109 ရဟတ်ယာဉ်များကို ရေတပ်နှင့်လေတပ်များအတွက် ၀ယ်ယူ ထားခြင်းဖြစ်ပြီး ရေတပ်အတွက် ၀ယ်ယူခမှာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၁ သန်းပေးရပြီး လေတပ်အတွက် ကုန်ကျငွေမှာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းကုန်ကျပါသည်။ ရေတပ်နှင့်လေ တပ် နှစ်ခုပေါင်း AW109 ရဟတ်ယာဉ်များအနေဖြင့် စုစုပေါင်း ၁၃ စီးရှိပြီး ၂၀၁၅ ခုနှစ် အဆုံးပိုင်းတွင် လက်ခံရရှိ မည်ဖြစ်ပါသည်။

ဗြိတိန်နိုင်ငံမှလည်း AW109 ရဟတ်ယာဉ်များကို အခြားသော လုပ်ငန်းဆောင်တာများတွင် အသုံးပြုရန် ထုတ်လုပ်ခဲ့ကြသော်လည်း စစ်ဘက်သုံး AW109 ရဟတ်ယာဉ်များအနေဖြင့် ကင်းထောက်ခြင်း၊ ရှာဖွေခြင်းနှင့် ကယ်ဆယ်ခြင်း လုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လက်ရှိတွင် AW109 ရဟတ်ယာဉ်ပေါင်း အစီး ၆၀၀ ခန့်အား နိုင်ငံပေါင်း ၅၀ ခန့်တွင် အသုံးပြုလျက်လည်း ရှိပေသည်။

ဖိလပ်ပိုင်နိုင်ငံ၏ ရဟတ်ယာဉ်အများစုသည် အမေရိကန်နိုင်ငံ၏ UH-1 အမျိုးအစားများကို ပြန်လည် ပြုပြင်မွမ်းမံထားခြင်းလည်းဖြစ်ပြီး ၄င်း UH-1 ရဟတ်ယာဉ်အစီးပေါင်း ၁၅၀ ကျော်အား ၁၉၆၉ ခုနှစ်ကတည်း ကပင် လက်ခံရရှိခဲ့သော်လည်း အများစုမှာ မတော်တဆမှုများကြောင့် ပျက်စီးခဲ့ရပြီး လက်ရှိတွင် အစီး ၄၅ ကျော်ခန့်သာ ကျန်သည်ဟု သိရှိရပါသည်။

UH-1 ရဟတ်ယာဉ်များသည် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရန်တွက် ကုန်ကျစရိတ်မြင့်မားပြီး ပျံသန်းချိန် ၁ နာရီလျှင် ဒေါ်လာ ၁ ထောင်ကျော်ခန့် ကုန်ကျပါသည်။ ထို့ကြောင့်လည်း အမေရိကန်တပ်မတော် အနေဖြင့် UH-1 များကို ၂၀၀၈ ခုနှစ်ကတည်းက အနားပေးခဲ့ခြင်းလည်း ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကွန်မြူနစ်နှင့်အစ္စလမ်မစ် ကဲ့သို့သော သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းနိုင်ရန်အတွက် UH-1 များကို အသုံးပြုလျက်ရှိပါသည်။

Ref:strategypage
WorldWide(BMSTU)
TechSpace Journal