ရှိုးပွဲမှာ လူအုပ်နင်းခံခဲ့ရလို့ Beyonce ကိုတရားစွဲခဲ့တဲ့ ပရိတ်သတ်များ

ပို့စ်တင်ချိန် - 4/03/2014 02:25:00 PM


ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ Beyonce ရဲ့ Mrs. Carter World Tour (ဖျော်ဖြေပွဲကြီး) ဟာ မျက်ရည်တွေနဲ့ပြည့်နှက်စွာ အဆုံးသတ်ခဲ့ရပါတယ်။ လူအုပ်ကြီးက ပြုံတိုးခဲ့တဲ့အတွက် Beyonceရဲ့ ပရိသတ်နှစ်ယောက်ဟာ တက်နင်းခံခဲ့ရတယ်လို့ အဲ့ဒီ့ပရိသတ်အမျိုးသမီးနှစ်ယောက်က အတည်ပြုခဲ့ပါတယ်။

Beyonce ကိုကာလကြာရှည် ပရိသတ်များဖြစ်တဲ့ Raquel Castellanos နဲ့ Gabriella Davidson တို့နှစ်ယောက်ဟာ United Center(အားကစားကွင်း) , Live Nation (ရှိုးကျင်းပရေး ကုမ္ပဏီ) နဲ့ Queen Bey (Beyonce) တို့ကို တရားစွဲဆိုခဲ့ကြပါတယ်။

Beyonce ရှိုးစင်နဲ့ ခပ်နီးနီးကို ရောက်ဖို့အတွက် မျှော်လင့်ချက်ထားပြီး အားကစားကွင်းရဲ့ အပြင်ဘက်မှာ သူတို့ (တရားစွဲဆိုထားတဲ့အမျိုးသမီးနှစ်ယောက်) ဟာ မတ်တပ်ရပ်စောင့်နေခဲ့ကြကြောင်း တရားစွဲဆိုစာမှာပါဝင်ပါတယ်။ ဒါပေမဲ့ ည၇နာရီထိုးတော့ ဂိတ်ဖွင့်ပါတယ်။ အစီအစဉ်တကျ ၀င်ခွင့်ပြုဖို့ သင့်တော်တဲ့ ညွှန်းကြားချက် တစ်ခုမှ မပေးဘဲနဲ့ပေါ့။ အဲ့ဒီ့မှာပဲ အရှိန်အဟုန်နဲ့ပြေးဝင်လာကြတဲ့ လူအုပ်ကြီးရဲ့ အနင်းကို ခံခဲ့ကြရပါတော့တယ်။ သိပ်ကြီးလှတဲ့ လူအုပ်ကြီးက သူတို့ကို မြေပြင်ပေါ်မှာ နင်းခြေခဲ့တဲ့အတွက် သူတို့နှစ်ယောက်စလုံး သတိလစ်ပြီး အရိုးတွေကျိုးကျန်ရစ်ခဲ့ရတယ်လို့ သိရပါတယ်။

Castellanos နဲ့ Davidson နှစ်ယောက်စလုံးကို ဆေးရုံတင်ခဲ့ရပြီး ရှိုးပွဲလည်း မကြည့်ခဲ့ရပါဘူး။ ပြီးတော့ သူတို့နှစ်ယောက် ဘယ်လောက်ထိ ဒဏ်ရာရသွားတယ်ဆိုတာကိုတော့ လျှို့ဝှက်ထားတုန်းပါ။

United Center, Live Nation နဲ့ Beyonce တို့ရဲ့ ရှေ့နေတွေကတော့ ဒီကိစ္စအတွက် မှတ်ချက်တစ်စုံတရာ မပေးခဲ့ကြပါဘူး။

Ref:theboombox.com
Trend Myanmar