စက်ချို့ယွင်းနေသော ဆီတင် သင်္ဘောမှ တွန်းသင်္ဘောဖြင့် တွဲ၍ထွက်ခွာစဉ် နစ်မြုပ်

ပို့စ်တင်ချိန် - 4/16/2014 01:03:00 PM




ရန်ကုန်၊ ဧပြီ ၁၆

၁၆.၄.၂၀၁၄ ရက်နေ့ ၀၄၀၀ အချိန်တွင် ကျောက်တန်းမြို့နယ်၊ မြန်မာ
အပြည်ပြည်ဆိုင်ရာ သီလ၀ါ ဆိပ်ကမ်းမှ ရန်ကုန်ဘက်သို့ ရေယာဉ်မောင်း ဦးစံသိန်းမောင်းနှင်လာသော ရွှေဗျိုင်းဖြူကုမ္ပဏိပိုင် သီဟကျော် အမည်ရှိ ဆီတင်တွဲအမှတ်(၄၇၁)တွန်းသင်္ဘောသည် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဈေးအနီး လှိုင်မြစ်ရေပြင်အရောက် စက်ချို့ယွင်းသွားသဖြင့်
(၀င်းပိုင်-၁)တွန်းသင်္ဘောကို ဆက်သွယ်ခေါ်ယူ၍ ၎င်းတွန်းသင်္ဘောဖြင့်
တွဲပြီး ဆက်လက်ထွက်ခွာစဉ် သီဟကျော်တွန်းသင်္ဘောမှာ ၀၄၂၀ အချိန်
တွင် အဆိုပါနေရာ၌ တိမ်းစောင်းနစ်မြုပ်သွားခဲ့ပါသည်။

အဆိုပါနစ်မြုပ်သွားသောသင်္ဘောပေါ်တွင် ရေယာဉ်အမှုထမ်း(၆)ဦးပါရှိသည့်အနက် ရေယာဉ်မောင်း ဦးစံသိန်းနှင့် စက်ဆရာ ဦးသန်းအောင်တို့မှာ
ပျောက်ဆုံးနေသဖြင့် ဆိပ်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ရွှေဗျိုင်းဖြူ
ကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့မှ ပူးပေါင်းရှာဖွေလျက်ရှိပြီး သင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်၍ အမှုဖွင့်အရေးယူသွားရန် စီစဉ်ဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိ ပါသည်။


Yangon Police