ပထမဆုံး တရုတ် ဂျိမ်းစ်ဘွန်း ဖြစ်လာနိုင်သူ ဟောင်ကောင် ကွန်ဖူးမင်းသား

ပို့စ်တင်ချိန် - 4/19/2014 10:13:00 AM


တရုတ်အဓိက သတင်းစာများမှာတော့ ဟောင်ကောင် ကွန်ဖူးမင်းသား Donnie Yen ဟာ ပထမဆုံး တရုတ်ဂျိမ်းစ်ဘွန်း ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ရေးသားဖော်ပြထားပါတယ်။

အကြောင်းကတော့ ဟာလီးဝုဒ် ရုပ်ရှင် ထုတ်လုပ်သူများက ခုနှစ်ယောက်မြောက် 007 ဂျိမ်းစ်ဘွန်း အဖြစ် သရုပ်ဆောင်ဖို့အတွက် သရုပ်ဆောင်ရွေးချယ်နေပြီး Yen ဟာ ဦးစားပေး အရွေးချယ်ခံရတယ့် ဇာတ်ဆောင် စာရင်းမှာ ပါဝင်နေတယ်လို့ The Star မှာ ဖြော်ပပါရှိတဲ့ အတွက် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒါဟာ မီဒီယာမှာ ပြန့်နှံ့နေတဲ့ ကောလဟာလ ဖြစ်နိုင်ကြောင်း အနုပညာသည်တွေနဲ့ ပတ်သက်ပြီး ကောလဟလ ဖြန့်ချိနေတယ်လို့ နာမည်ရ ၀ဘ်ဆိုဒ်တစ်ခုမှာ ဖြော်ပထားပြန်ပါတယ်။

အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် Yen ကိုမေးကြည့်တဲ့အခါမှာတော့ သူက ရယ်မောပြီး ဒါဟာ ဆန်းသစ်တဲ့ အတွေးပဲလို့ ပြောပါတယ်။ ဒါ့အပြင် သူက အဲဒါတော်တော်တော့ ရယ်ရတယ်။ အကယ်၍ တကယ်ဖြစ်လာမယ် ဆိုရင်လည်း မဆိုးပါဘူး။ တရုတ်ပြည်က  ဈေးကွက်ကြီးမားတဲ့အတွက် The Box office (ထုတ်လုပ်ရေး ကုမ္ပဏီ) အနေနဲ့ သေချာပေါက် ကောင်းမှာ အမြတ်အစွန်းရလိမ့်မယ်လို့ သူက ပြောခဲ့ပါတယ်။

world-myanmar.com

ref:Lollipop