ရထားပေါ်ပါလာသည့်မြွေကြောင့်ခရီးသည်များအထိတ်တလန့်ဖြစ်

ပို့စ်တင်ချိန် - 4/05/2014 10:30:00 AM


ဝင်းသော်တာ ဘာသာပြန်သည်။

ရထားပေါ်ပါလာသည့်မြွေကြောင့်ခရီးသည်များအထိတ်တလန့်ဖြစ်

ဂျနီဗာ - ဧပြီလ ၂ ရက်နေ့က ဆွဇ်ဇာလန်ခရီးသည်တင်ရထားတစ်စီးပေါ်သို့ပါသွားသည့်
မြွေတစ်ကောင်ကြောင့် ခရီးသည်များ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပြီးနောက် ရဲအဖွဲ့က ယင်းမြွေကို
ဖမ်းမိခဲ့ကာ ရထားပေါ်လိုက်ပါလာသည့်ခရီးသည် ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ ပြောင်းပေးခဲ့
ကြောင်းသိရသည်။

ဆွဇ်ဇာလန်နိုင်ငံ ဘန်မြို့မှ နိုင်ငံမြောက်ပိုင်းရှိ ဘာဆယ်လ်မြို့သို့ နံနက်အစောပိုင်းကထွက်ခွာ
လာသော အဆိုပါရထားပေါ်မှ ဖမ်းမိခဲ့သည့် မြွေမှာ အနက်ရောင်ဖြစ်ပြီး အရှည် ၅၀ စင်တီမီတာ
(၁၉ ဒသမ ၅ လက်မ) ရှိကာ အဆိပ်မရှိသည့်မြွေအမျိုးအစားဖြစ်သည်။

ယင်းမြွေကို တွဲတစ်တွဲပေါ်၌လိုက်ပါလာသည့်ခရီးသည်များက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြွေကရထားပေါ် သို့တက်လာခြင်းမျိုးမဖြစ်နိုင်ဘဲ ခရီးသည်တစ်ဦးဦးက သယ်ဆောင်လာခြင်းဖြစ်
နိုင်ကြောင်း SBB အမျိုးသား ရထားပို့ဆောင်ရေးကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ Donatella Del
Vecchio ကပြောကြားခဲ့သည်။

myanmar times