လယ်သစ်ကျေးရွာ၌ စိတ်ကျန်းမာရေး မကောင်းသူ တစ်ဦး ကြိုးဆွဲချ သေဆုံး

ပို့စ်တင်ချိန် - 4/29/2014 05:04:00 PM


၂၀၁၄ ခုနှစ် ဧပြီလ (၉) ရက်နေ့ နံနက် (၆)နာရီ အချိန်၌ တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာ အုပ်စု အနောက်လယ်သစ် ကျေးရွာတွင် စိတ်ကျန်းမာရေး မကောင်းသူ တစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း သိ ရ သည်။

ဖြစ်စဉ်မှာ အနောက်လယ်သစ် ကျေးရွာနေ ဦးအေး (ခ) မြင့်အေး ၊ အသက် (၄၁)နှစ်၊ (ဘ) ဦးကြီးစိန် သည် ၄င်းတို့၏ ဥယျာဉ်သို့ သွားရောက်ကာ ကွမ်းသီးပင်တွင် လုံးပတ် (၅)မူးလုံး အရွယ် အရှည်ပေ (၂၀)ရှိ နိုင်လွန်ကြိုးအား ၄င်း၏ လည်ပင်း၌ ကြိုးကွင်း  အဖြစ် ချည်နှောင်ပြီး  တောင်အောက် သို့ လျောဆင်း၍ ပြင်ပ ဒဏ်ရာ မရှိဘဲ ကြိုးဆွဲချ သေဆုံးနေကြောင်း သိရသည်။

ထိုသေဆုံးမှုနှင့် ပတ်သက်၍ တနင်္သာရီ မြို့နယ် ရဲတပ်ဖွဲ့မှ သေမှု သေခင်း ဖွင့်လှစ်ပြီး  အမှု စစ်ဆေး  နေကြောင်း  သတင်းရရှိသည်။

မြိတ်ပုလဲမြေ