ကုမ္ပဏီဒါရိုက်တာ၏ယာဉ်ကို ကုမ္ပဏီမှ ယာဉ်မောင်းကခိုးယူသွားသဖြင့် အရေးယူပေးရန်တိုင်တန်း

ပို့စ်တင်ချိန် - 4/10/2014 04:05:00 PM




ရန်ကုန်၊ ဧပြီ ၁၀

၈.၄.၂၀၁၄ရက်နေ့ ၁၂၃၀အချိန်ကမာရွတ်မြို့နယ်နေကုမ္ပဏီဒါရိုက်တာ
ဖြစ်သူဒေါ်အေးအေးမှ ၎င်းသည် ဗဟန်းမြို့နယ်၊ဆရာစံရပ်ကွက်၊
ပုလဲကွန်ဒိုမြေညီထပ်ရှိ အလှပြင်ဆိုင်သို့ ၎င်း၏ ယာဉ်အမှတ် ၃ဃ/---- ဆက်စီယာဆလွန်အဖြူရောင်ကိုယ်ပိုင်ယာဉ်ဖြင့် ခေါင်းလျှော်ရန်သွားရောက် ခဲ့ပြီး ယာဉ်ကိုဆိုင်ရှေ့တွင် သော့ခတ်ရပ်ထားခဲ့ကြောင်း၊ ၎င်းဆိုင်တွင်
ခေါင်းလျှော်နေစဉ် ယာဉ်၏သော့အား ဆိုင်ရှိမှန်တင်ခုံပေါ်တွင် တင်ထား
ခဲ့ကြောင်း၊ ခေါင်းလျှော်ပြီး၍ ယာဉ်သော့ အားကြည့်ရာ မတွေ့ရှိတော့ဘဲ ယာဉ်မှာလည်း ပျောက်ဆုံးနေခဲ့ကြောင်း၊ ထိုသို့ယာဉ်ပျောက်ဆုံးနေသဖြင့်
စုံစမ်းခဲ့ရာ ၎င်း၏ကုမ္ပဏီမှ ခွင့်(၁)ရက်ယူထားသည့် ယာဉ်မောင်းဖြစ်သူ
ရန်နိုင်ထွန်း၊(ဘ)ဦးဌေးလွင်၊ စောရန်ပိုင်တောင်ရပ်ကွက်နေသူမှခိုးယူ
မောင်းနှင်သွားခဲ့သည်ကိုသိရှိခဲ့ရပြီး ယာဉ်မှာသန်လျင်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ကာ ၀ဲဘက်ဘေးခြမ်းပျက်စီးလျက်ရှိနေသည်ကို သိရှိခဲ့ရ
ကြောင်းနှင့် ယင်းကဲ့သို့ ယာဉ်ကိုခိုးယူသွားခဲ့သူ ရန်နိုင်ထွန်းအား အရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။

ထိုသို့တိုင်တန်းချက်အရ ရန်နိုင်ထွန်းအားဗဟန်းမြို့မရဲစခန်း(ပ)၁၂၉/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၈၁ဖြင့် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police