အိမ်ရှင်များ ခရီးသွားနေစဉ် နေအိမ်မှ လက်ဝတ်ရတနာများ ခိုးယူခံရ

ပို့စ်တင်ချိန် - 4/18/2014 04:02:00 PM


ရန်ကုန်၊ ဧပြီ ၁၈

၁၄.၄.၂၀၁၄ ရက်နေ့ ၁၃၀၀ အချိန်တွင် ကမာရွတ်မြို့နယ်နေ
ဒေါ်အေးအေးစန်းမှ ၎င်းသည် မိသားစုနှင့်အတူ ချောင်းသာသို့ခရီးသွားခဲ့ရာ
နေအိမ်တွင် ထမင်းချက်ဖြစ်သူ မစန်းစန်းဝင်း၊ ကလေးထိန်းဖြစ်သူ ဒေါ်ခါရီ၊ သန့်ရှင်းရေးအလုပ်သမားများဖြစ်သည့် မမူးခူဖော၊ မနန်းစန်းစန်းဦးတို့ကို
ထားခဲ့ကြောင်း၊ ၁၆.၄.၂၀၁၄ ရက်နေ့တွင် နေအိမ်သို့ပြန်ရောက်ရှိသောအခါ သားဖြစ်သူ၏ အိပ်ခန်းအတွင်းရှိ ဗီရိုများပွင့်နေသည်ကိုတွေ့ရှိသဖြင့်
နေအိမ်အတွင်းလိုက်လံစစ်ဆေးကြည့်ရှုရာ သမီးဖြစ်သူ၏အခန်းအတွင်းရှိ မီးခံသေတ္တာမှာ ထုရိုက်ခံထားရသည်ကိုတွေ့ရှိရပြီးမှန်တင်ခုံအံဆွဲအတွင်း၌ ကတ္တီပါဘူးဖြင့်ထည့်ထားသည့် လက်ဝတ်ရတနာ(၁၀)မျိုး၊ စုစုပေါင်းတန်ဖိုး
ငွေကျပ် (၇၃)သိန်းခန့်မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရကြောင်းနှင့် ယင်းကဲ့သို့ပစ္စည်းများခိုးယူသွားသူကို အရေးယူပေးပါရန်တိုင်တန်းလာခဲ့
ပါသည်။

ထိုသို့တိုင်တန်းချက်အရ ကမာရွတ်မြို့မရဲစခန်း(ပ)၁၈၂/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၈၀ ဖြင့်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police