မန်ဝိန်းကြီးတွင် တိုက်ပွဲ ပြန်ဖြစ်

ပို့စ်တင်ချိန် - 4/24/2014 08:50:00 AM


အစိုးရတပ်နှင့် ကေအိုင် အေတို့ မန်ဝိန်းကြီးဒေသ၊ ကျောက်ဖျာနှင့် နမ်ကျဉ်းကျေးရွာအနီးတွင် ဧပြီ ၂၃ ရက်က တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ကြောင်း     သတင်းရရှိ သည်။

ဧပြီ ၂၃ ရက် မွန်းလွဲ၂ နာရီ ကျော်က အစိုးရစစ်ကြောင်းအချို့ နှင့် ကေအိုင်အေတပ်ရင်း ၂၇တို့ ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ကေအိုင်အေထိပ်တန်းအရာရှိတစ်ဦးက  ပြော သည်။

‘‘ဒီနေ့ နေ့လယ် ၂ နာရီ လောက်ကစပြီး နာရီဝက်လောက် တိုက်ပွဲပြန်ဖြစ်ခဲ့တာပါ’’ဟု ဆို သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)သို့ ဆက်သွယ်မေးမြန်းခဲ့ ရာ ဗန်းမော်-မန်ဝိန်းကြီးလမ်း ကြောင်းပေါ်ရှိ ဂိုက်ချိပ်ရွာမှ မီတာ ၈၀၀ ခန့်အကွာတွင် လက် နက်ငယ်ဖြင့်ပစ်ခတ်သည့် အသံ များ   ကြားသည်ဟု  ရှေ့တန်းမှ သတင်းပေးပို့ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

‘‘ကေအိုင်အေဘက်က ရုတ် တရက် ကျွန်တော်တို့စစ်ကြောင်း လို့ထင်ပြီး ပစ်ခတ်တဲ့အနေအ ထားဖြစ်နိုင်ပါတယ်’’ဟု မပခ ထိပ်တန်းအရာရှိတစ်ဦးက ပြော ကြားသည်။

အစိုးရတပ်နှင့် ကေအိုင်အေ တို့ ဧပြီ ၁၀ ရက်မှစတင်၍ တိုက် ပွဲနှင့် ထိတွေ့မှုအကြိမ် ၂၀ ကျော် တစ်ကျော့ပြန်ဖြစ်ပွားခဲ့ပြီး ဧပြီ ၁၈ ရက်မှစတင်၍ ငြိမ်သက်နေ ခြင်းဖြစ်သည်။

ဒေသတွင်း သတင်းရင်းမြစ် များက အစိုးရတပ်မှ ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်းတွင် အင် အားဖြည့်တင်းနေပြီး နှစ်ဖက်စစ် ရေးအခြေအနေတင်းမာနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ပိုင်းတိုင်း   စစ်ဌာန ချုပ် ထိပ်တန်းအရာရှိကမူ ၎င်းတို့ အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်များထဲမှ စစ် ရှိန်လျှော့ချရေးကို အလေးအနက် ထားဆောင်ရွက်နေပြီး မိမိကိုယ် ကိုယ် မိမိခုခံကာကွယ်ခြင်းမှအပ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခြင်းမရှိဘဲ   လုံခြုံရေးကိုသာ  ပုံမှန်ဆောင်ရွက်နေခြင်းဖြစ် ကြောင်းပြောသည်။

ဧပြီလအတွင်း တစ်ကျော့ ပြန်ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် စစ်ဘေးဒုက္ခသည်ငါး ထောင်ကျော် ထပ်မံတိုးပွားလာ ပြီး အချို့မှာ ကေအိုင်အေတပ်ရင်း (၁)တည်ရှိရာ အင်ဘာပါဒေသသို့ ထွက်ပြေးတိမ်းရှောင်သွားကြ ကြောင်း သတင်းရရှိသည်။

Author: အောင်ခိုင် / မရန်
7Day Daily