ရန်ကုန်ဘူတာကြီး အဆင့်မြှင့်ဖို့ ကုမ္ပဏီများကို ရထားဝန်ကြီးဌာန တင်ဒါခေါ်ပြီ

ပို့စ်တင်ချိန် - 4/27/2014 08:43:00 PM


နိုင်ငံတကာမှာ ပြည်သူအများစုဟာ ရထားကိုပဲ အဓိက ပို့ဆောင်ရေးအဖြစ် သုံးစွဲနေကြတာကြောင့် မြန်မာပြည်ရဲ့ အခြေခံလူထု သွားလာရေးအတွက် ဘူတာကြီးကို အရင်အဆင့်မြှင့်မယ်လို့ မီးရထားဝန်ကြီးက ပြောလိုက်ပါတယ်။ ဘယ်လိုမြှင့်ပြီး ဘယ်လောက်ကြာမှာလဲ။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်ရေးအတွက် ဆယ်နှစ်နီးပါး အချိန်ကြာနိုင်သလို ကျပ်ငွေ ၂.၅ ဘီလီယံ ကုန်ကျနိုင်တဲ့ ဒီစီမံကိန်းအတွက် ကုမ္ပဏီတွေ တင်ဒါလျှောက်နိုင်ပြီလို့ မီးရထားပို့ဆောင်ရေး ဒုတိယဝန်ကြီးက ဧပြီ ၂၆မှာ ပြောဆိုခဲ့ပါတယ်။

စိတ်ပါဝင်စားကြောင်း လျှောက်ထားတဲ့ ကုမ္ပဏီတွေကို လာမယ့် နိုဝင်ဘာ တတိယပတ်မှာ ရွေးချယ်မှာဖြစ်ပြီး မီးရထားဝင်းအတွင်း နေထိုင်သူတွေကို ပြောင်းရွှေ့ဖို့လည်း ညှိနှိုင်းပြီးလို့ အဲဒီလူတွေက ကျေနပ်ကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့် တည်ဆောက်ဖို့အတွက် ရွေးချယ်ခံရမယ့် ကုမ္ပဏီဟာ တစ်ခုတည်း ဖြစ်ချင်မှ ဖြစ်မယ်လို့ ပြောဆိုခဲ့ပြီး တင်ဒါစိစစ်ရေးချယ်ရေးကိုလည်း နိုင်ငံတကာအဆင့်မီ အကြံပေးအဖွဲ့ထားပြီး လုပ်ဆောင်မှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

Kamayut Media