ဆလွန်းယာဉ်မှ ရေကစားမဏ္ဍပ်အားဝင်ရောက်တိုက်မိသဖြင့် ရေကစားနေသူ (၈)ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 4/14/2014 12:13:00 PM


ရန်ကုန်၊ ဧပြီ ၁၄

၁၃.၄.၂၀၁၄ရက်နေ့ ၁၆၃၀အချိန် ရွှေပြည်သာမြို့နယ်၊ဗိုလ်ချုပ်လမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်း သန်းဝင်းအောင် (၃၉)နှစ်၊ (ဘ)ဦးကျော်မြ၊ ရွှေပြည်သာမြို့နယ်နေသူမောင်းနှင်လာသော ၆ဃ/----၊ ALTEZZA ဆလွန်းငွေမင်ရောင်ကိုယ်ပိုင်ယာဉ်သည် ရွှေပြည်သာကွေ့
မှတ်တိုင်အနီးအရောက် လမ်း၏ယာဘက်ဘေးရှိ တယ်လီဖုန်းဆက်သွယ်
ရေးတိုင်နှင့် ရေကစားမဏ္ဍပ်တို့အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်နှင့်တယ်လီဖုန်းဆက်သွယ်ရေးတိုင်တို့
ပျက်စီးခဲ့ပြီး ရေကစားမဏ္ဍပ်၌ ရေကစားနေသူ(၈)ဦးတို့တွင် ဖူးရောင်
ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံတွင်အတွင်း/အပြင်လူနာ
များအဖြစ်ကုသရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ
သန်းဝင်းအောင် အား ရွှေပြည်သာမြို့မရဲစခန်းယာဉ်(ပ)၁၅/၂၀၁၄၊
ပြစ်မှုပုဒ်မ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police