ဆော်ဒီမှာ ကမ္ဘာ့အမြင့်ဆုံး တာဝါထပ်ဆောက်မယ်

ပို့စ်တင်ချိန် - 4/20/2014 06:02:00 PM


လက်ရှိ ကမ္ဘာ့အမြင့်ဆုံးတာဝါ ရှိတာကတော့ ဒူဘိုင်းမြို့မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်တစ်ပတ်ထဲမှာ ဆော်ဒီမှာ နောက်ထပ် ကမ္ဘာ့အမြင့်ဆုံးတာဝါကို ထပ်ဆောက်တော့မှာဖြစ်ပါတယ်။


ဆောက်လုပ်ပြီးတဲ့အချိန်မှာ ၎င်းတာဝါဟာ မြေပြင်အထက် ၁ ကီလိုမီတာ (ပေပေါင်း ၃၂၈၀) အထိ မြင့်မယ်လို့ သိရပါတယ်။ အဲဒီအတိုင်းအတာဟာ လက်ရှိ အမြင့်ဆုံး ဘုဂ်ျ ကလီဖာ တာဝါထက် ပေပေါင်း ငါးရာကျော် ပိုရှည်မယ်မှာ ဖြစ်ပြီးတော့ ဆောက်လုပ်မှုအတွက် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂၃၀၀ ($1.23 billion) ကုန်ကျမယ်လို့ သိရပါတယ်။

ဂျက်ဒါ ကမ်းခြေမြို့တော်မှာ တည်ဆောက်မှာဖြစ်ပြီးတော့ တည်ဆောက်ဖို့အတွက် ငါးနှစ်ကြာမြင့်ပါမယ်။ ၎င်းတာဝါ တည်ဆောက်ရန်အတွက် ကွန်ကရစ် စတုရန်းမီတာ ၅.၇ သန်းနဲ့ စတီး တန်ပေါင်း ၈ သောင်း လိုအပ်မှာ ဖြစ်ပါတယ်။ အောက်ခြေ ဧရိယာအကျယ်အဝန်းကတော့ စတုရန်းမီတာ ငါးသိန်း (500,000 Square meters) နေရာယူမှာဖြစ်ပြီးတော့ အလွှာပေါင်း ၂၀၀ ပါဝင်မယ်လို့ သိရပါတယ်။ တစ်စက္ကန့်ကို ၁၀မီတာနှုန်းနဲ့ တက်မယ့် ဓာတ်လှေကား ၅၉ စင်း ပါဝင်မှာ ဖြစ်ပြီတော့ အဲဒီထဲကမှ ငါးစင်းကတော့ နှစ်ထပ် ဓာတ်လှေကားတွေ ဖြစ်မှာပါ။

တာဝါနာမည်ကိုတော့ Kingdom Tower လို့ အမည်ပေးထားပြီး၊ ဂျက်ဒါမြို့တော်မြောက်ဘက် ပင်လယ်နီမြင်ကွင်းကို ရယူတည်ဆောက်မှာ ဖြစ်ပါတယ်။






Credit: Ygn News (www.YgnNews.com)