မုန့်တီဆိုင်၌ အရက်သောက်နေသူ(၂)ဦးကို အမည်မသိအမျိုးသားမှ ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာများရ

ပို့စ်တင်ချိန် - 4/26/2014 09:41:00 PM


ရန်ကုန်၊ ဧပြီ ၂၆

၂၆.၄.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်တွင် ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်
ရပ်ကွက်နေ ဒေါ်မြင့်မြင့်လေးမှ ၎င်း၏သားဖြစ်သူ သီဟစိုး၊(၃၀)နှစ်မှာ ဗဟန်းမြို့နယ်၊ ဗိုလ်မင်းရောင်လမ်းထိပ်တွင် ရန်ဖြစ်နေကြောင်းကြားသိရ
သဖြင့် သွားရောက်ခဲ့ကြောင်း၊ အခင်းဖြစ်နေရာ၌သားဖြစ်သူတွင် ယာရင်အုံ
ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် သားဖြစ်သူ ၏သူငယ်ချင်း နန္ဒကျော်ခေါင်၊ (၂၉)နှစ်တွင် ၀ဲရင်အုံအောက်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ ရရှိထားသည်ကို
တွေ့ရှိရကြောင်း၊ ဖြစ်စဉ်အားမေးမြန်းရာ ၎င်းတို့(၂)ဦးသည် ဗိုလ်မင်းရောင်
လမ်းထိပ်ရှိမုန့်တီဆိုင်၌ အရက်သောက်နေကြစဉ် အမျိုးသားတစ်ဦးရောက်ရှိ
လာပြီး အသင့်ပါလာသော စကေဘာဖြင့်ထိုးခဲ့၍ ဒဏ်ရာများရရှိ ခဲ့ခြင်းဖြစ်
ကြောင်းသိရှိရပြီး သားဖြစ်သူနှင့် သူငယ်ချင်းတို့မှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ယင်းသို့ ပြစ်မှု
ကျူးလွန်သူကိုအရေးယူပေးပါရန် တိုင်တန်းလာပါသည်။

တိုင်တန်းချက်အရ ဗဟန်းမြို့မရဲစခန်း(ပ)၁၆၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့်
အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ အမျိုးသား(စုံစမ်းဆဲ)ကို ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police