ဘန်ကောက်လေကြောင်းလိုင်း ကြော်ငြာမှာ ကိုယ်တိုင်စကားပြော သရုပ်ဆောင်ခဲ့ ရတာကြောင့် အားရကျေနပ်ပါတယ်လို့ ဆိုတဲ့ မိုးစက်ဝိုင်

ပို့စ်တင်ချိန် - 4/30/2014 05:59:00 AM


အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတစ်ခု တစ်ခုဖြစ်တဲ့ ဘန်ကောက် လေကြောင်းလိုင်းကနေ မြန်မာပြည်မှာ ပထမဆုံးအကြိမ် Brand Ambassador အဖြစ် မိုးစက်ဝိုင်ကို ခန့်အပ်ခဲ့တဲ့အပြင် Bangkok Airway ရဲ့တီဗီကြော်ငြာ အစီအစဉ်ကို လည်း မိုးစက်ဝိုင်နဲ့ ရိုက်ကူးခဲ့ပြီး ဒီကြော်ငြာကို ပြည်တွင်းရုပ်သံတွေမှာ တော့ မေလမှာ စတင်ပြသသွားမှာပါ။ ဒီဘန်ကောက်လေကြောင်း နဲ့ပတ်သက်ပြီး Brand Ambassador အဖြစ်ခန့်အပ်ခံခဲ့ရတဲ့ မိုးစက်ဝိုင်က ကြော်ငြာရိုက်ကူးမှုအပိုင်းနဲ့ ပတ်သက်ပြီး ခုလို ပြောကြားခဲ့ပါတယ်။ ‘မိုးစက်ရဲ့ ဘက်က အဆင်ပြေပြေနဲ့ ရိုက်ကူးနိုင်ခဲ့ပါတယ်။ နောက်ပြီး မိုးစက်ရိုက်တော့မယ်ဆိုတာနဲ့ အကုန်လုံး ready ဖြစ်နေကျတာဆိုတော့ ကိုယ့်ရဲ့အချိန်တွေ မကုန်သလို ကိုယ့်ရဲ့ energyလည်း မကုန်ဘူးပေါ့။ ပြီးတော့ မိုးစက်အနေနဲ့ ကြော်ငြာတွေ ရိုက်ကူးခဲ့တဲ့အခါမှာ စကားပြောပြီးတော့  မရိုက်ဖူးသေး ဘူး။ ဒီ ဘန်ကောက်လေကြောင်း လိုင်းကြော်ငြာမှာတော့ ပထမဆုံးအနေနဲ့ Bangkok Airway ရဲ့အကြောင်းကို ပြောပြတဲ့ပုံစံအဖြစ် ကိုယ်တိုင်စကားပြောပြီး သရုပ်ဆောင် ခဲ့ပါတယ်။ ဒီကြော်ငြာလေးကို ပြန်ကြည့်တဲ့အခါမှာလည်း ကျေနပ်အားရမှု ရှိပါတယ်။ ဘန်ကောက်လေကြောင်းလိုင်းရဲ့ Brand Ambassador အဖြစ် လက်ခံခဲ့တာကလည်း ဘန်ကောက်လေကြောင်းလိုင်းဟာ မိုးစက် ကိုယ်တိုင်ယုံကြည်တဲ့ လေကြောင်းလိုင်း တစ်ခုဖြစ်တဲ့အပြင် လေကြောင်းလိုင်းရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကြောင့် Brand Ambassador အဖြစ်လက်ခံခဲ့တာပါ’လို့ သူမက ဆိုသွားပါတယ်။

ွှTrend Myanmar