ခရိုင်းမီးယားကို လူထုထောက်ခံမှုနဲ့ သိမ်းပိုက်ဖို့ ဆုံးဖြတ်ခဲ့တာဟု ရုရှားသမ္မတ ပြော

ပို့စ်တင်ချိန် - 4/11/2014 05:28:00 PM


ခရိုင်းမီးယားဒေသကို သိမ်းပိုက်ဖို့ အရင်ကတည်း ကြိုတင် စီစဉ်ခဲ့တာမဟုတ်ဘဲ လူထု ထောက်ခံမှု အခြေအနေအရ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က ပြောပါတယ်။

ဆန္ဒခံယူပွဲ မတိုင်ခင် ရက်တွေကတည်းက ရုရှားတပ်တွေ ခရိုင်းမီးယားဒေသထဲမှာ ရောက်နေတာ ဖြစ်ပါတယ်။

RUSSIA/ရုရှားသမ္မတ ပူတင်က “ကျနော် ပြောချင်တာက ပြည်သူတွေရဲ့ သဘောဆန္ဒတွေ ရှင်းရှင်းလင်းလင်း ဖြစ်သွားတဲ့ အချိန်ကျတော့မှပဲ ကျနော် ဆုံးဖြတ်ချက်တွေကို ချခဲ့ပါတယ်။ ပွင့်ပွင်းလင်းလင်းပြောရရင် လူတွေက ဘယ်လို ဆန္ဒရှိသလဲ၊ ဘယ်လို သဘောထားသလဲ ဆိုတာကို ကျနော်တို့ မသိပါခဲ့ပါဘူး။ လျှို့ဝှက်စစ်တမ်းတွေကို လုပ်ခဲ့ပြီးတော့မှ အရှိတရားနဲ့ နီးစပ်တဲ့ အချက်အလက်တွေ ရတော့မှပဲ မှန်ကန်ဘက်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်”လို့ အစည်းအဝေးတခုမှာ ပြောပါတယ်။

ရုရှားရုပ်ရှင် ဒါရိုက်တာတယောက်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တဲ့ Popular Front ကိုယ်စားလှယ်တွေရဲ့ အစည်းအဝေးမှာ ပူတင်ကိုလည်း တက်ရောက်ခဲ့ပြီး ခရိုင်းမီးယား အရေးကို ပြောတာ ဖြစ်ပါတယ်။

အရင်လက ခရိုင်းမီးယားဒေသမှာ ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲက ရုရှားနဲ့ ပေါင်းစည်းရေးကို တခဲနက် ထောက်ခံပေမယ့် အမေရိကန်အစိုးရနဲ့ ဥရောပသမဂ္ဂတို့က နယ်မြေ သိမ်းပိုက်ဖို့ ရည်ရွယ်ချက်နဲ့ အတုအယောင် လုပ်ရပ်အဖြစ် ရှုံ့ချထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပူတင်နဲ့ နီးကပ်တဲ့ အစိုးရအရာရှိတွေနဲ့ စီးပွားရေးသမားတွေကို အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ထားပါတယ်။

DVB Burmese