ဘာကာ၏ အပြောင်းအရွှေ့ပြစ်ဒဏ်ကို ဖီဖာ ရွှေ့ဆိုင်းပေးခဲ့

ပို့စ်တင်ချိန် - 4/24/2014 07:31:00 AM


အပြောင်းအရွှေ့လုပ်ဆောင်ခွင့် (၁၄)လ ပိတ်ပင်သည့် ပြစ်ဒဏ်ကို ဖီဖာမှ ရွှေ့ဆိုင်းပေးခဲ့ခြင်းကြောင့် ဘာစီလိုနာအနေဖြင့် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ခေါ်ယူနိုင်တော့မည်ဖြစ်သည်။ ဘာကာသည် အသက်(၁၈)နှစ်အောက် ကစားသမားများ ခေါ်ယူရာတွင် စည်းမျဉ်းချိုးဖောက်ခဲ့သည့်အတွက် ဖီဖာက ၎င်းတို့အသင်းကို အပြောင်းအရွှေ့ ကာလနှစ်ရပ်အတွင်း ကစားသမား ၀ယ်၊ ရောင်းခွင့် ပိတ်ပင်ခဲ့သည်။

သို့သော် ဘာကာမှာ အဆိုပါပြစ်ဒဏ်ကို အယူခံဝင်ခဲ့ပြီး ဖီဖာက အပြီးသတ်ဆုံးဖြတ်ချက် မချမီကာလအတွင်း အဆိုပါပြစ်ဒဏ် သက်ရောက်မှုမရှိစေရန် တောင်းဆိုခဲ့သည်။ ကစားသမား မှတ်ပုံတင်ရမည့် အစောဆုံးကာလဖြစ်သည့် ဇူလိုင် (၁)ရက်နေ့အထိ ဖီဖာက ၎င်းတို့ကို အပြီးသတ် ဆုံးဖြတ်ချက် ချနိုင်မည် မဟုတ်ခြင်းကြောင့် လာမည့်အပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာကို ကစားသမားခေါ်ယူခွင့် ပေးခဲ့ခြင်းဖြစ်သည်။

@z (ရိုးရာလေး)