ရုရှားခေါင်းဆောင်ရဲ့အံ့အားသင့်ဖွယ်အချစ်ဇာတ်လမ်း

ပို့စ်တင်ချိန် - 4/29/2014 09:07:00 AM



(အချစ်ဝေဒနာခံစားနေရတဲ့ ပူတင်က ရှရွန်အပေါ် နက်နက်ရှိုင်းရှိုင်း ချစ်ခင်စုံမက်နေ)

သူ့ရဲ့အဘိဓာန်မှာ အရှုံးဆိုတာမရှိခဲ့သေးဘူးလို့ဆိုကြတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် အပြောင်းအလဲဖြစ်နိုင်တဲ့ အချစ်ဇာတ်လမ်း တစ်ပုဒ်ကွိုသဘနက ဖွင့်ချခဲ့ပြန်ပါတယ်။

နီးစပ်ရာအသိုင်းအဝိုင်းများရဲ့ စကားတွေအရ ပူတင်ဟာ ဟောလီးဝုဒ်မင်း သမီး ရှာရွန်စတုန်းကို စိတ်ကူးယဉ်မျှော်လင့်လျက်ရှိနေတယ်လိွု့သဘန က ရေးသားဖော်ပြထားပါတယ်။ ရှာရွန်ကို ပိုင်ဆိုင်ခွင့် ရဖို့ ကြိုးစားနေပါတ ယ်ဆိုတဲ့ သမ္မတပူတင်နဲ့ ရှာရွန်တို့ဟာ လွန်ခဲ့တဲ့လေးနှစ်လောက်က စတင်တွေ့ရှိခဲ့ တာလို့ သိရပါတယ်။

ကရင်မလင်အတွင်းလူများရဲ့စကားအရ ရုရှားသမ္မတပူတင်ဟာ ရှာရွန်ရဲ့အခွေတွေကို ထပ်ကာ တလဲလဲကြည့်ရှုနေခဲ့တယ်လိွု့သဘနက ဖော်ပြပါတယ်။ အတွင်းပိုင်းစကားတွေအရ ၂ဝ၁ဝပြည့်နှစ်က ရှာရွန်နဲ့ နာမည်ကျော်တချို့ ရုရှားကိုလာရောက်လည်ပတ်စဉ်ြူကနဘနမမပံငူ မှာ ပူတင်နဲ့တွေ့ဆုံခဲ့ပြီး နှစ်ဦးသား အမြူသည်း အကဲပိုခဲ့ကြတာရှိတယ်လို့သိရပါတယ်။

စိန့်ပီတာစဘက်က ပရဟိတပွဲတစ်ပွဲမှာ သီချင်းဆိုခဲ့တဲ့ပူတင်ကို ဖလိုင်းကစ်တွေ အောင်မြင် မှုသင်္ကေတတွေနဲ့ ရှာရွန်က ကိုယ်ဟန်ပြဂုဏ်ပြုခဲ့သလို ပူတင်ကလည်း ရှာရွန်ကို အလွန်အကျွံကျေးဇူး တင်စကားဆိုတာတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။ ပါတီပွဲမှာ ပူတင်က ရှာရွန်ရဲ့လက်မောင်းကလေးကို ကိုင်ကာ ဧည့်တော်များနဲ့ တွေ့ဆုံမိတ်ဆက်ခဲ့ကြပြီး ရှာရွန်က ဧည့်သည်တွေကို နှုတ်ဆက်ချိန်မှာလည်း ပူတင်ရဲ့မျက်လုံးတွေက ရှာရွန်ပေါ်ကမခွာနိုင်လောက်အောင် ငေးမောကြည့်နေခဲ့တယ်လို့ ဆိုကြပါတယ်။

မာရီယာ၂၈နှစ်နဲ့ ရီကာတာရီနာ၂၇နှစ်တို့ သားသမီးနှစ်ဦးရဲ့ဖခင်ဖြစ်တဲ့ ပူတင်ဟာ နှစ်၃ဝ ကျော် လက်တွဲခဲ့တဲ့ ဇနီးဖြစ်သူ လူဒမီလာနဲ့ လွန်ခဲ့တဲ့ဇွန်လကမှ ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိ လွတ်လပ်သူတစ်ဦးဖြစ်နေတဲ့ပူတင်ဟာ အိမ်ထောင်နှစ်ဆက်နဲ့လမ်းခွဲခဲ့ပြီး လွတ်လပ်သူဖြစ်နေတဲ့ ရှာရွန် ကို ကျိတ်မျှော်လင့်နေတယ်ဆိုပေမယ့်ွူသဘန က ရှာရွန်ရဲ့ရင်းနှီးသူမိတ်ဆွေများကို မေးမြန်းရာမှာတော့ ရှာရွန်ဟာ ဘယ်တော့မှ မစ္စပူတင်ဖြစ်လာနိုင်ဖွယ်မရှိဘူးလို့ဖြေကြကြောင်း သိရပါတယ်။

ရှာရွန်ကိုယ်တိုင်ကလည်း သူမဘဝမှာ ယောက်ျားတွေကို မလိုအပ်တော့ကြောင်းနဲ့ ယောက်ျား များကို စိတ်နာလျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် ပူတင်အတွက် အသည်းကွဲစရာဖြစ်နေ ကြောင်း နီးစပ်ရာမိတ်ဆွေအပေါင်းအသင်းတချို့က ဆိုကြပါတယ်။

လိုချင်တာကိုရအောင်ယူတတ်တဲ့Óဉ် ရှိတဲ့ သမ္မတပူတင်ဟာ ရှာရွန်ကို ရအောင်ကြိုးပမ်းနိုင်ခြင်းရှိမရှိ မသေချာပေမယ့် ပူတင်အကြောင်ွးူသဘန မှာ ရေးသားခဲ့တဲ့ တွန်ရှီဘယန်နာက လတ်တလော ပူတင်ရဲ့ အပေါ်ဝတ်မပါ စွင့်ကားကားရင်အုပ်ကိုြ<ွကားဟန်ထုတ် ငါးဖမ်း၊ မြင်းစီးဟန်ရေးပြခဲ့တဲ့ မီဒီယာထက်ကဓာတ်ပုံတွေဟာ အများထင်သလို ခရိုင်း မီးယားအရေးတစ်စိတ်တစ်ဒေသမဟုတ်ဘဲ ရှာရွန်အတွက်သာရည်ရွယ်တဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

Ref : Globe

Yangon Media Group