အလုပ်မရှိဘဲ ငွေများစွာသုံးစွဲနေသူ များကို စစ်ဆေးရာမှ ခိုးမှုပေါ်ပေါက်

ပို့စ်တင်ချိန် - 4/04/2014 08:12:00 PM


သန်းနိုင်စိုး

ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် နေထိုင်သူသုံးဦးသည် အလုပ်အကိုင်
အတည်တကျမရှိဘဲ ငွေများစွာ သုံးစွဲနေ ကြောင်း သတင်းအရ အောင်ပင်လယ်ရဲစခန်းသို့
ခေါ်ယူစစ်ဆေးရာ ခိုးမှု ပေါ်ပေါက်ခဲ့သည်။

၎င်းတို့သုံးဦးသည် မတ်လ ၂၄ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်
မနော်ဟရီလမ်းမြောက်ဘက် ၅၈ လမ်းပေါ်ရှိ ဘိလိယက်ကစားရုံရှေ့တွင်ရပ်ထားသော ဖြူ၊
နီရောင် ဆိုင်ကယ်ကို ခိုးယူခဲ့ပြီး ၅၈ လမ်းရှိ ဆိုင်ကယ်ပြင်ဆိုင်တွင် အခြားဆိုင်ကယ်၏
အစိတ်အပိုင်းများနှင့် လဲလှယ်ရန် အပ်နှံထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် အောင်ပင်လယ်ရဲစခန်းတွင် ၎င်းတို့ သုံးဦးကို (ပ)၁၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/၎
အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Myanmar Times