ယခုနှစ်သင်္ကြန်တွင် ရန်ကုန်တိုင်းအတွင်း ယာဉ်မတော်တဆမှု ပိုမိုဖြစ်ပွား

ပို့စ်တင်ချိန် - 4/18/2014 09:55:00 PM


ရန်ကုန်၊ ဧပြီ ၁၈။

ယခုနှစ်သင်္ကြန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှုသည် ယမန်နှစ်များထက် ပိုဖြစ်ပွားလာပြီး ယာဉ်မတော်တဆမှု နှင့်
ယာဉ်တိမ်းမှောက်မှုများကြောင့်သေဆုံးသူဦးရေနှင့် ဒဏ်ရာရရှိသူဦးရေသည် ယမန်နှစ်များကထက်များလာကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ အမှတ် ၂
ယာဉ်ထိန်းရုံးမှသိရသည်။

ယမန်နှစ် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် အတွင်း၌ ယာဉ်တိုက်မှု ၄၆ မှုအထိဖြစ်ပွားခဲ့ကာ သေဆုံးသူဦးရေသည်
၎ ဦးရှိကာ ဒဏ်ရာရှိသူဦးရေသည် ၉၂ အထိရှိခဲ့ကာ ယခုနှစ်သင်္ကြန်းအတွင်း ယာဉ်မတော်တဆမှုသည်  ၆၂ မှုအထိရှိခဲ့ကာ  သေဆုံးသူသည် ၁၅ ဦး  ဒဏ်ရာရှိသူဦးရေသည်
၁၁၁ဦး အထိရှိခဲ့ကြောင်းသိရသည်။

ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုနှင့် ယာဉ်တိမ်းမှောက်မှုအများစုသည် မနက်ပိုင်းတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ညပိုင်းတွင် ဖြစ်ပွားမှုသည်အနည်းငယ်သာရှိခဲ့ကြောင်း
ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ အမှတ် ၂ ယာဉ်ထိမ်းရုံးမှသိရသည်။

ယခုနှစ်သင်္ကြန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှုသည် ယမန်နှစ်များထက်ပိုမိုဖြစ်ပွားခဲ့ သော်လည်း နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်တိုက်မှု သည် ၁ မှုသာရှိခဲ့ကြောင်း သင်္ကြန်းအတွင်း ယာဉ်မတော်တဆမှု  ၆၂ မှုမှ ပြစ်မှုကျူးလွန်  သူများအား အားအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နှင်းနွယ်
The Myanma Age