ခရမ်းသီးနှပ် ချိုချိုလေး

ပို့စ်တင်ချိန် - 4/13/2014 07:31:00 AM


ခရမ်းသီးနှပ်

မာမာ ဒီနေ့တော့ ခရမ်းသီးကိုအချိုလေးနှပ်ပါတယ် ငပိတို့စရာလေးနဲ့တွဲပြီးစားကြမှာမို့ ထမင်းကတော့မိန်အုံးမှာပါ ဒီနေ့တော့ထမင်းကို အရင်ရက်ထက် ပိုပြီးတော့ ချက်ထားပါတယ် အိမ်လာလည်ပြီး ထမင်းစားချင်သူများကိုလည်း ဟင်းမကောင်းပေမဲ့ အိမ်လည်ခေါ်ပါတယ်ေ နာ် လာလည်လဲ့ပါ။
မာမာဒီနေ့ချက်တဲ့ဟင်းလေးက ရိုးရိုးလေးနဲ့စားလို့ကောင်းတဲ့ဟင်းလေးပါ ထမင်းကို အိုက်တင်အပြည့်နဲ့ စတိုင်ထုတ်ကာ မစားတတ် သူမို့ ဇလုံထဲထမင်းထဲ့ငပိရည်ကိုငရုတ်သီးမှုန့်များများနဲ့ဖျော်ပြီး ခရမ်းသီးနှပ်နဲ့နယ်ပြီးစားပါမယ်။
ခရမ်းသီးကနှပ်ရတာလွယ်ပါတယ် ခရမ်းသီးကို အညှာဖြတ်ပြီး ထက်ခြမ်းခွဲကွာ ရေဆယ်မိနစ်လောက်စိမ်ထားပါ ပြီးမှရေစစ်ပြီးနှပ်မဲ့အိုး ထဲထည့်ကာ ငရုတ်သီး ကြက်သွန်အဖြူ အနီတို့ကို ညက်အောင်ထောင်းပြီး ခရမ်းသီးနဲ့နယ်ပေးပါ  ပုဇွန်ကိုနှစ်သက်သလောက်ထည့်ပါ ဆားနှင့်နနွင်းမှုန့် အရသာမှုန့် ဆီတို့ထည့်ပြီး နယ်ပေးပါ အားလုံးပြီးသွားပါက ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ ခရမ်းသီးကနူးလွယ်ေ သာကြောင့် ရေအများကြီး တခါထည်း ထည့်စရာမလိုပါ။
ရေနဲနဲခမ်းလာပါက ခရမ်းသီးနူးမနူးကြည့်ပေးပါ မနူးသေးပါက ရေထပ်ထည့်ပြီးတည်ပေးပါ ခရမ်းသီးနူးပါက ဆီကျန်ရေကျန်လေးချ လိုက်ရင်ရပါပြီ။