ဂေါက်သီးရိုက်နေ၍ အဒေါ်ဖြစ်သူ၏ အသုဘကို မတက်ရောက်ခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမား

ပို့စ်တင်ချိန် - 4/28/2014 03:22:00 PM


အမေရိကန် သမ္မတကြီး အိုဘားမားဟာ ဂေါက်သီးရိုက် ကစားနည်း ပြုလုပ် ခဲ့တာမို့ အဒေါ် ဖြစ်သူရဲ့ အသုဘ အခမ်းအနား မတက် ရောက် ဖြစ် ခဲ့ဘူးလို့ သိရပါတယ်။ အိုဘားမား ရဲ့ အဒေါ်ဖြစ်သူ အွန်ယန်ဂို ဟာ ရင်သားကင် ဆာရောဂါ နဲ့ ကွယ်လွန် သွားခဲ့ခြင်း ဖြစ်ပြီး၊ ပြီးခဲ့တဲ့ စနေက ဘော်စ တွန်မှာ အသုဘ အခမ်းအနား ပြုလုပ် ခဲ့ပေမယ့် အိုဘားမား ဟာ အိမ်ဖြူတော်က လုပ်ဖော်ကိုင်ဖက် တွေနဲ့ ဂေါက်သီးရိုက် နေလို့ မတက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အွန်ယန်ဂိုဟာ အိုဘားမားအဖေ ဘက်ကတော်တဲ့ အဒေါ်ဖြစ်ပြီး အိုဘားမား သမီး ဆာရှာ မွေးဖွားချိန်မှာ အနီးကပ်ပြုစု စောင့်ရှောက် ခဲ့သူ လည်း ဖြစ်ပါတယ်။ အဲဒီ တုန်းက အိုဘားမားဟာ လွှတ်တော်အမတ် တစ်ဦးအဖြစ်သာရှိခဲ့ပါတယ်။ အွန်ယန်ဂိုဟာ အသက် (၆၁)နှစ်အရွယ်မှာ ကွယ်လွန် သွား ခြင်းဖြစ်ပြီး၊ အသုဘအခမ်းအနားကို အိုဘား မားတက်ရောက်နိုင်ခြင်းမရှိပေမယ့် လိုအပ်တဲ့ အကူအညီတွေပေးခဲ့တယ်လို့ သိရပါတယ်။ အိုဘားမား ရဲ့ ဆွေမျိုးတွေဟာ ကင်ညာနိုင်ငံ မှာ နေထိုင်ကြာပြီး၊ အွန်ယန်ဂိုရဲ့ ရုပ်အလောင်း ကို ကင်ညာ နိုင်ငံကို ပြန်လည် သယ်ဆောင် သွားမှာ ဖြစ်ပါတယ်။ အိမ်ဖြူတော်ပြောခွင့်ရ ပုဂ်္ဂိုလ်တစ်ဦးက သမ္မတကြီး မိသားစုရဲ့ နာရေး ဖြစ်တာမို့ မည်သည့်မှတ်ချက်မှ မပေးလို ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အိုဘားမားဟာ ၁၉၈၈ ကင်ညာနိုင်ငံ ကို သွားရောက် စဉ်မှာ အဒေါ်ဖြစ်သူကို ပထမဆုံး အကြိမ် တွေ့ခဲ့ဖူးတာ ဖြစ်ပါတယ်။ အိုဘားမား အမေရိကန် သမ္မတ ပထမသက် တမ်းမှာ အဒေါ်ဖြစ်သူဟာ တရားမ၀င် နေထိုင်မှုကြောင့် မီဒီယာ တွေက အသားပေး ရေးသား ဖော်ပြမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ အိုဘားမား စနေနေ့တိုင်း အားလပ်ရက်ချိန်တွေမှာ ဂေါက် သီးရိုက်ကစားနည်းကို အမြဲတမ်းပြုလုပ်ခဲ့ပြီး၊ အဒေါ်ဖြစ်သူရဲ့ အသုဘအခမ်းအနားကို မတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အိုဘားမားအဒေါ်ရဲ့ အသုဘ အခမ်းအနားကို အမေရိကန်ကို စီးပွားရေးကိစ်္စနဲ့ အလည်အ ပတ်ရောက်နေတဲ့ ကင်ညာဝန်ကြီးချုပ် ဟောင်း အိုဒင်ဂါ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

The Messenger News Journal