ပုဇွန်တောင်ချောင်းအတွင်း သမ္ဗာန်နှင့်စက်လှေတို့တိုက်မိ၍ သမ္ဗာန်နစ်မြုပ်

ပို့စ်တင်ချိန် - 4/04/2014 03:37:00 PM




ရန်ကုန်၊ ဧပြီ ၎

၃.၄.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်တွင် ဆိပ်ကမ်းမြို့နယ်၊ ပုဇွန်တောင်
ချောင်းအတွင်း စန်းလင်း၊(၁၉)နှစ်၊(ဘ)ဦးမြင့်စန်း၊ ဒဂုံမြို့သစ်(တောင်းပိုင်း)
မြို့နယ်နေသူ မောင်းနှင်သည့် အလျားပေ(၆၀)၊ အနံ(၁၄)ပေ၊ ရေစူး(၇)ပေ
ခန့်ရှိ “ရွှေနန်းစံ” သမ္ဗာန်သည် သဲများတင်ဆောင်ကာ တောင်မှမြောက်သို့
ချောင်း၏ယာဘက်ခြမ်းမှ မောင်းနှင်လာစဉ် ပုဇွန်တောင်ဈေးရှေ့
ရေပြင်အရောက် ဌေးအောင်၊(၄၄)နှစ်၊(ဘ)ဦးထွန်းကြည်၊ ငပုတောမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူမောင်းနှင်လာသည့် အလျား (၁၃၀)ပေ၊ အနံပေ(၃၀)ခန့်၊ ရေစူး(၁၂)ပေခွဲခန့်ရှိ ဆားများတင်ဆောင်လာသော “ကေကေကြီး” စက်လှေနှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ “ရွှေနန်းစံ” သမ္ဗာန်မှာ နစ်မြုပ်သွားခဲ့ပါသည်။

ထိုသို့ ရေယာဉ်များကို မဆင်မခြင်မောင်းနှင်သူများဖြစ်သည့် စန်းလင်းနှင့်
ဌေးအောင်တို့(၂)ဦးကို ဆိပ်ကမ်းမြို့မရဲစခန်း (ပ)၈၉/၂၀၁၄၊
ပြစ်မှုပုဒ်မ ၂၈၀ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police