ရခိုင်တစ်မျိုးသားလုံး ညီလာခံ ကျင်းပမယ်၊ ရိုဟင်ဂျာနဲ့ ​သက်ဆိုင်တာတွေကို ​အဓိက ​ဆွေးနွေးသွားမယ်

ပို့စ်တင်ချိန် - 4/21/2014 03:06:00 PM

ရိုဟင်ဂျာ တွေ အလိုမရှိကြောင်း ပြုလုပ်တဲ့ ဆုတောင်းပွဲတစ်ခု (Credit: ABC) 

ရခိုင်တစ်မျိုးသားလုံး ​ညီလာခံကို ​ဧပြီလ ​၂၇ ​ရက်ကနေ ​မေလ ​၁ ​ရက်နေ့အထိ ​ပြုလုပ်ဖို့ရှိပြီး ​ဒီညီလာခံအတွင်း ​ရိုဟင်ဂျာနဲ့ ​သက်ဆိုင်တာတွေကို ​အဓိက ​ဆွေးနွေးသွားမယ်လို့ ​သိရပါတယ်။

၁၀ ​စုနှစ်ပေါင်းများစွာ ​မကျင်းပဖြစ်ခဲ့တဲ့ ​ရခိုင်တစ်မျိုးသားလုံးညီလာခံကို ​၅ ​ရက်ကြာ ​ကျင်းပမှာဖြစ်ပြီး ​ရခိုင်ပြည်နယ်အတွင်းက ​အခက်အခဲတွေ၊ ​ရခိုင်ပြည်နယ် ​လုံခြုံရေးနဲ့ ​ဒေသဖွံ့ ​ဖြိုးရေး ​တွေကို ​ဆွေးနွေး ​ကြမယ်လို့ ​ဆိုပါတယ်။ 

မြို့နယ်အလိုက် ​အခက် ​အခဲ ​တွေကို ​ဆွေးနွေးကြမှာ ​ဖြစ်သလို ​နယ်စပ် ​ဖြတ်ကျော်ပြီး ​ခိုးဝင်လာတဲ့ ​ဘင်္ဂါလီတွေနဲ့ ​ပတ်သက်ပြီး ​တော့လည်း ​အဖြေတစ်ခု ​ရဖို့အထိ ​ဆွေးနွေးကြမှာ ​ဖြစ်တဲ့အကြောင်း ​ညီလာခံ ​ဖြစ်မြောက်ရေး ​ကော်မတီဝင် ​ကိုရဲမင်းဦးက ​အခုလို ​ပြောပါတယ်။

“မြို့နယ်အလိုက် ​မြို့နယ်အလိုက် ​၁၇ ​မြို့နယ်ကနေ ​တက်ရောက်လာမယ့် ​မြို့နယ်ကိုယ်စားလှယ်တွေကလည်းဘဲ ​မြို့နယ်အလိုက် ​လက်ရှိ ​ကြုံ့တွေ့နေရတဲ့ ​အခက်အခဲ ​အကျပ်အတည်းတွေကို ​တင်ပြကြမယ်၊ ​တောင်းဆိုကြမယ်၊ ​ဆွေးနွေးကြမယ် ​အကြံပြုကြမယ်။ ​နယ်စပ်ဖြတ်ကျော်တဲ့ ​ကိစ္စတွေ ​အပြင် ​ဘယ်လို ​အစီအမံတွေနဲ့ ​ချိတ်ဆက်မိမိ ​ပြည်မနဲ့ ​ချိတ်ဆက်ပြီးတော့ ​လုပ်နိုင်မလဲဆိုတဲ့ ​ကိစ္စရပ်တွေလည်း ​ဆွေးနွေးဖို့ ​ရှိပါတယ်။ ​အဖြေတစ်ခု ​ထွက်လာနိုင်အောင်ထိတော့ ​ကျွန်တော်တို့ ​ကြိုးစားသွားဖို့ ​ညီလာခံမှာ ​ရည်မှန်းချက် ​ရှိပါတယ်။”

အဲဒီ ​ညီလာခံမှာ ​ရခိုင်ပြည်တွင်း ​ပါတီတွေ၊ ​ပြည်ပရောက်အဖွဲ့အစည်းတွေ၊ ​ရခိုင်တိုင်းရင်းသား ​လက်နက်ကိုင်တွေ ​ပါဝင် ​ဆွေးနွေးကြမှာ ​ဖြစ်ပြီး ​ညီလာခံရဲ့ ​အတည်ပြု ​ထုတ်ပြန်ချက်တွေ၊ ​လုပ်ငန်းစဉ်တွေကို ​အကောင်အထည်ဖော်ရေး ​ရုံးခန်းတွေ ​ဖွင့်လှစ်ပြီး ​တစ်မျိုးသားလုံး ​ပါဝင် ​နိုင်ဖို့ ​ဆောင်ရွက် ​သွားမှာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အခုလို ​ဆွေးနွေး ​ထုတ်ပြန်မှုတွေကနေ ​ ပြည်ထောင်စု ​အစိုးရကို ​တောင်းဆိုသွားမှာ ​ဖြစ်ပြီး ​အစိုးရအနေနဲ့ ​ရခိုင်ပြည်သူတွေရဲ့ ​ဆန္ဒအတိုင်း ​လုပ်ဆောင်ပေးဖို့ ​အရေးကြီးတဲ့အကြောင်း ​ကိုရဲမင်းဦးက ​ဆက်ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ ​ရခိုင် ​တစ်မျိုးသားလုံး ​ညီလာခံမှာ ​တက်ရောက် ​ဆွေးနွေးဖို့ ​အတွက် ​ပြည်နယ်အစိုးရ၊ ​ပြည်ထောင်စုအစိုးရနဲ့ ​ပြည်တွင်း ​အင်အားကြီးပါတီတွေကိုလည်း ​ဖိတ်ကြားထားတယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia