ရခိုင်ပြည်နယ်တွင် လူဦးရေ ၂ သန်း ၆ သောင်းကျော် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့

ပို့စ်တင်ချိန် - 4/18/2014 03:23:00 PM

(ဓါတ်ပုံ- အင်တာနက်)

(နိရဉ္စရာ- ၁၈ ဧပြီလ ၂၀၁၄)

ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမူကို ဧပြီလ ၉ ရက်နေ့က ရပ်တန့်ခဲ့ရာ လူဦးရေ စုစုပေါင်း ၂ သန်း ၆ သောင်းကျော်ကို သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့သည်ဟု သတင်း ရရှိသည်။

ရခိုင်ပြည်နယ်အတွင်း အိမ်ထောင်စုပေါင်း ၅ သိန်း ၆ သောင်းကျော်ရှိရာ ထိုအထဲမှ အိမ်ထောင်စု  ၄ သိန်းကျော်ကို ကောက်ခံနိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ် လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနကို ကိုးကားပြီး အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။

လူမျိုးရေး ကိစ္စများကြောင့် ကျန် အိမ်ထောင်စု တစ်သိန်းကျော်ကို မကောက်ခံနိုင်ဟု ယင်းသတင်းများတွင် ဖေါ်ပြသည်။

အစိုးရပိုင် သတင်းစာများတွင် ယင်းကျန်ရစ်ခဲ့သူ အိမ်ထောင်စု တစ်သိန်းကျော်မှာ မည်သူများဟု မဖေါ်ပြသော်လည်း မောင်တော၊ ဘူးသီးတောင်မြို့နယ်များတွင် နေထိုင်သူ ရိုဟင်ဂျာ အဖြစ် အမည်သွင်းလိုသူ ဘင်္ဂလီများ ဖြစ်ဖွယ်ရှိကြောင်း လေ့လာသူများက ပြောသည်။

ရခိုင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၆၄၆၁ ခုရှိပြီး ယင်းအထဲမှ ကောက်ကွက်ပေါင်း ၃၃၄၉ ခုကို ကောက်ခံပြီးစီးခဲ့သည်ဟု ဆိုသည်။

အခြားအမည်ဖြင့် ရခိုင်ပြည်နယ် တွင် အိမ်ထောင်စု ၁၃၀၀ ကျော်၊ လူဦးရေအားဖြင့် ၆၀၀၀ ကို သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့သည်ဟု သိရသည်။

Narinjara