မန္တလေးတိုင်းဝန်ကြီးချုပ်အိမ် မီးလောင်မှု မီးသတ်က သတင်းမထုတ်

ပို့စ်တင်ချိန် - 4/20/2014 06:22:00 PM


ဧပြီလ ၁၉ ရက်ညပိုင်းက မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်ထဲမှာရှိတဲ့ တိုင်းဝန်ကြီးချုပ် ဦးရဲမြင့်အိမ် မီးလောင်ခဲ့ပြီး မီးလောင်ခဲ့တာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ဖို့ မရှိဘူးလို့ တိုင်းမီးသတ်ဦးစီးဌာနက ဧပြီ ၂၀ ရက်မှာ ပြောပါတယ်။

အောင်မြေသာဇံမြို့နယ်အပိုင် အမှတ် ၁ ရဲစခန်း၊ တာဝန်ကျ အရာရှိကလည်း ၀န်ကြီးချုပ်နေအိမ် မီးလောင်တာကို အတည်ပြု ပြောပေမယ့် ဧပြီလ ၂၀ ရက်နေ့ လည်ပိုင်းအထိ မီးလောင်တာနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်ထားတာ မရှိသေးဘူးလို့ ပြောပါတယ်။

ဧပြီလ ၁၉ ရက်ညပိုင်းက တိုင်းဝန်ကြီးချုပ်အိမ် မီးလောင်တာကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ မန္တလေးမြို့က ဒီဗွီဘီသတင်းထောက် ကိုကျော်ဇေကို ဆက်သွယ် မေးမြန်းထားပါတယ်။

အနီးနားအိမ်တွေကို မီးကူးစက်လောင်ကျွမ်းတာ မရှိသလို လူအသေအပျောက်လည်း မရှိပါဘူး။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလတုန်းက မန္တလေးတိုင်းဝန်ကြီးချုပ် စီးနင်းလိုက်ပါလာတဲ့ မော်တော်ကားတန်းကို နောင်ချိုမြို့အနားမှာ ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး အခုထိ ဘယ်သူ ဘယ်ဝါ လက်ချက်ဆိုတာ ထုတ်မပြောနိုင်သေးဘဲ တရားခံ ရှာမတွေ့ ဖြစ်နေပါတယ်။

အသံဖိုင် နားဆင်ရန်

DVB