ကတ္တရာလမ်းပေါ်တွင် အရက်မူးပြီးချော်လဲခဲ့သည့် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 4/04/2014 08:25:00 PM


ရန်ကုန်၊ ဧပြီ ၎

၃.၄.၂၀၁၄ရက်နေ့ ၁၁၄၀အချိန် မြောက်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များသည် မြောက်ဥက္ကလာပဆေးရုံတွင် ဒဏ်ရာများဖြင့် ဆေးရုံတက်ရောက်
နေသူ အမျိုးသားတစ်ဦးသေဆုံးသွား ကြောင်းကြားသိရသဖြင့် သွားရောက်
စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဇော်ထွေး(၃၇)နှစ်၊ (ဘ)ဦးထွန်းလှိုင်၊ (ည)ရပ်
ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူဖြစ်ပြီး ၎င်းတွင် ဦးခေါင်းနောက်စေ့
ပေါက်ပြဲဒဏ်ရာရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၃.၄.၂၀၁၄ ရက်နေ့ ၀၃၄၀ အချိန်
ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းနှင့် ခေမာကျောင်း
လမ်းထောင့် ကတ္တရာလမ်းပေါ်တွင် အရက်မူးပြီးချော်လဲခဲ့ရာမှ ဦးခေါင်းနောက်စေ့စုတ်ပြဲဒဏ်ရာရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မြောက်ဥက္ကလာပမြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ် (၇/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police