သမ္မတပတ်ဂွန်ဟေးကို မြောက်ကိုရီးယားက ပြည့်တန်ဆာဖြင့် နှိုင်းယှဉ်မှု တောင်ကိုရီးယားအစိုးရ ကန့်ကွက်

ပို့စ်တင်ချိန် - 4/30/2014 07:29:00 AM


ကိုရီးယားနှစ်နိုင်ငံကြားတွင် တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ ဝေဖန်ခြင်းနှင့် ပုဂ္ဂိုလ်ရေးတိုက် ခိုက်မှုများမလုပ်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းမှာပင် နှစ်ဖက်သဘောတူလက်မှတ် ရေးထိုး ခဲ့သည်။  —Ref: Asiaone/AFP

 တောင်ကိုရီးယားအာဏာ ပိုင်များသည် ၎င်းတို့သမ္မတ ပတ် ဂွန်ဟေးအား ပြုံယမ်းဘက်မှ ဝေဖန်မှုတစ်ခုတွင် ပြည့်တန်ဆာ တစ်ဦးနှင့် ခိုင်းနှိုင်းခဲ့မှုမှာ လူ့ ကျင့်ဝတ်အရ လက်မခံနိုင်စရာ ဖြစ်ကြောင်း တနင်္လာနေ့တွင် ကန့်ကွက်ထုတ်ပြန်လိုက်သည်။

မြောက်ကိုရီးယားသည် နိုင်ငံ ပိုင်မီဒီယာမှ တောင်ကိုရီးယား သမ္မတပတ်အား ‘‘လိင်ကျွန် ဇိမ် မယ်တစ်ဦး’’ဟု ခိုင်းနှိုင်းရေးသား ခဲ့သလို မစ္စစ်ပတ်သည် ပြည့် တန်ဆာခေါင်း ကန်သမ္မတ အို ဘားမားကိုလည်း ဖျော်ဖြေနေ ကြောင်း ရှုတ်ချစွပ်စွဲထားသည်။

ယခုကဲ့သို့ ပြုံယမ်းဘက်မှ ရိုင်းစိုင်းစွာရှုတ်ချမှုမှာ မြောက် ကိုရီးယားအား နျူလက်နက်စွန့် လွှတ်ရန်နှင့် နောက်ထပ် နျူ ဖောက်ခွဲစမ်းသပ်မှုများမလုပ်ရန် ၎င်း၏ အာရှခရီးစဉ်တွင် အိုဘား မားက တိုက်တွန်းပြီးနောက် ပေါ် ထွက်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယား မီဒီယာ တွင် ဖော်ပြခဲ့သော သတင်းတစ်ခု တွင် မြောက်ကိုရီးယား၏ ကိုရီးယားငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေးကော်မတီက မစ္စစ်ပတ်သည် အိုဘားမားရုပ်သေးရုပ် ဖြစ်နေပြီး ပြုံယမ်းကို နောက်ထပ် အထီးကျန်ရန် အားထုတ်နေ ကြောင်း စွပ်စွဲထားသည်။

‘‘၎င်းဟာ အမေရိကန်အ တွက် ဇိမ်မယ်တစ်ဦးလို ကိုယ့်ရဲ့ စက်ဆုပ်စရာ အရောင်အသွေး တွေကို ပြသခဲ့ပါတယ်။ တိုင်းပြည်ကို ရောင်းစားနေတဲ့ စက်ဆုပ်စရာ ပြည့်တန်ဆာတစ်ဦးပါပဲ’’ ဟု အထက်ပါကော်မတီက ဆိုထား သည်။ မြောက်ကိုရီးယားသည် တောင်ကိုရီးယားသမ္မတ မစ္စစ် ပတ်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ မကြာခဏလုပ်ခဲ့သည်။

မစ္စစ်ပတ်ကို ‘‘ကိုယ့်ကိုယ် ကိုယ် စကားအမျှင်မပြတ်ပြော နေတတ်သော လယ်သူမ’’၊ ‘‘အ ရည်အသွေးနိမ့်သည့် နိုင်ငံရေး သမား’’စသဖြင့် တိုက်ခိုက်မှုများ ရေးသားဖော်ပြခဲ့ဖူးသည်။

ဆိုးလ်ကလည်း မြောက် ကိုရီးယား၏ သိက္ခာချမှုများကို ကျင့်ဝတ်အရ မစောင့်စည်းသည့် ပြောဆိုမှုများဖြစ်သည်ဟု ဆိုခဲ့ပြီး နှစ်ဖက်သဘောတူညီချက်ဖြစ် သည့် ရေးသားပြောဆိုခြင်းများ ဖြင့် မစော်ကားရေးစာချုပ်ကို ချိုး ဖောက်ခြင်းဖြစ်ကြောင်းဆိုသည်။

‘‘မြောက် ကို ရီး ယား ဟာ သဘောတူညီချက်ကို ချိုးဖောက် ရုံသာမကဘဲ ပြောလို့တောင် မထွက်တဲ့ ကျိန်ဆဲမှုတွေ၊ ဆဲဆို ပြောတာတွေကို ကျင့်ဝတ်ပိုင်း အရ လက်မခံနိုင်တဲ့ အပြုအမူ တွေနဲ့ လုပ်ဆောင်နေပါတယ်။ တကယ်လို့ သူတို့အနေနဲ့ ကိုယ့် ပြည်သူတွေရဲ့ ခံစားချက်တွေကို ထည့်စဉ်းစားတယ် ဆိုရင် အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို ရပ်တန့်သင့်ပြီး ပူးပေါင်းဆောင် ရွက်ရေး၊ နှစ်ဖက်ကြွယ်ဝချမ်းသာ ရေး လမ်းကြောင်းကို လိုက်သင့် ပါတယ်’’ဟု ပြောသည်။

ကိုရီးယားကျွန်းဆွယ်တွင် မကြာမီရက်ပိုင်းကပင် မြောက် ကိုရီးယားဘက်မှ နျူစမ်းသပ်ရာ နေရာတစ်ခုတွင် လှုပ်ရှားမှုများ တွေ့ခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံ များ တောင်ကိုရီးယားက ထုတ် ပြန်ခဲ့ပြီးနောက် နောက်ထပ် နျူ စမ်းသပ်ဖောက်ခွဲမည့် အလား အလာများရှိလာကြောင်း ခန့်မှန်း နေကြသည်။

7day daily