မီးရထားလမ်းတွင် အိပ်နေသဖြင့် ရထားကြိတ်ခံခဲ့ရပြီး အရေးယူခံရ

ပို့စ်တင်ချိန် - 4/05/2014 09:14:00 PM




ရန်ကုန်၊ ဧပြီ ၅

၎.၄.၂၀၁၄ ရက်နေ့ ၂၁၅၀ အချိန်တွင် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်
ရထားလမ်းအတိုင်း ရန်ကုန်မှ ပုဂံသို့ မောင်းနှင်လာသည့် အမှတ်(၆၁)
အဆန် အမြန်ရထားသည် ဖူးကြီးဘူတာနှင့် ၀ါးနက်ချောင်းဘူတာကြား မိုင်တိုင်အမှတ် (၃၅/၃)နှင့် (၃၅/၄)ကြားအရောက် သံလမ်းပေါ်တွင်
ခြေလက်များတင်၍ အိပ်နေသော အောင်သက်၊ (၂၇)နှစ်၊ (ဘ)ဦးလှ၊ ဖူးကြီးကျေးရွာ၊ မှော်ဘီမြို့နယ်နေသူကိုကြိတ်မိခဲ့ပါသည်။

ထိုသို့ကြိတ်မိသဖြင့် ရထားမှာ မိနစ်(၄၀)ခန့် ရပ်တန့်ထားခဲ့ရပြီး
အောင်သက်တွင် ၀ဲလက်မောင်းနှင့် ၀ဲခြေထောက်ပြတ်ဒဏ်ရာများ
ရရှိခဲ့သဖြင့် တိုက်ကြီးဆေးရုံသို့ တင်ပို့ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ဘေးအန္တရာယ်ဖြစ်စေရန် မီးရထားလမ်းတွင်အိပ်နေခဲ့သူ
အောင်သက်အား အရေးယူပေးရန် ဖူးကြီးဘူတာရုံပိုင် ဦးမျိုးလှိုင်မှ တိုင်တန်းချက်အရ မှော်ဘီမြို့မရဲစခန်း (ပ)၁၈၈/၂၀၁၄၊ မီးရထားအက်
ဥပဒေပုဒ်မ-၁၂၆(င) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police