ခင်ဝင့်ဝါနဲ့ စိုင်းစိုင်းခမ်းလှိုင် ဘာဖြစ်နေကြပြီလဲ

ပို့စ်တင်ချိန် - 4/15/2014 12:19:00 PM


 -
အွန်လိုင်းထဲ ရောက်လာတဲ့  သင်္ကြန်ပုံများထဲမှာ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က အလှမယ် ခင်ဝင့်ဝါကို ဖက်ထားတဲ့ပုံက  ဒီကနေ့ လူပြောအများဆုံးထဲ ပါဝင်နေပါပြီ။

ဒီတော့ သူတို့နှစ်ယောက် ဘာဖြစ်နေကြပြီလဲ လို့ မေးစရာ ရှိလာပါတယ်။
မင်းသားချောက လူမြင်ကွင်း သင်္ကြန်မဏ္ဍပ်ပေါ်မှာ ဖက်ထားတယ် ဆိုတော့ အင်း… သူတို့က ဒီလိုဖြစ်သွားကြပြီလား ဆိုပြီး ထင်မိကြပါလိမ့်မယ်။

အဲသလိုတော့ အထင် မမှားစေလိုဘူးလို့ ခင်ဝင့်ဝါက သူ့ဖေ့စ်ဘုတ်မှာ ရှင်းချက်ထုတ်ပါတယ် –
အဲဒါ ရုပ်ရှင်ရိုက်နေကြတာပါ တဲ့။

သူရေးထားတာကို အတိအကျ ပြန်ကူးပြရမယ် ဆိုရင်…

သင်္ကြန်အကျနေ့က Alpine Mandat မှာ သင်္ကြန်ပြတိုက်ရုပ်ရှင်ကားကြီး ရိုက်တုန်းက ဓာတ်ပုံတွေပါရှင့် :)
အကိုစိုင်းစိုင်းခမ်းလှိုင်နဲ့ ရိုက်ကူးထားသော ဇာတ်ဝင်ခန်းမှ ဓာတ်ပုံများကို ချစ်ပရိတ်သတ်ကြီး အထင်မလွဲစေချင်ပါဘူးရှင့်
ရုပ်ရှင်ရိုက်ကူးမှူကိုနားလည်ပေးမယ်လို့ မျော်လင့်ပါတယ်ရှင့် :):):):)့

ဝင့်ဝါ သင်္ကြန်ပြတိုက် ဆိုတဲ့သင်္ကြန်ရုပ်ရှင်ကားကိုရိုက်ကူးနေချိန် အတွင်းဇာတ်ဝင်ခန်းမှဓာတ်ပုံတွေ တတ်လာသည့်အတွက် ချစ်ပရိတ်သတ်ကြီးအားလုံးအထင်မလွဲစေချင်ကြောင်းအထူးမေတ္တာရပ်ခံပါတယ်ရှင့်
သင်္ကြန်ပြတိုက် ကားကြီးထွက်ရှိလာရင်လည်းအားပေးဝေဖန်ပေးပါဦးနော် ချစ်ပရိတ်သတ်ကြီဂ :):):):)

…. ဆိုပြီး ဖြေရှင်းချက်ကို ဒီမနက် ၊ ၁၅ ရက်နေ့ မနက်မှာ ၂ခါ ဆက်တိုက် ပေးလာပါတယ်။

ဧရာဝတီ