ရန်သူတော်ချင်း စစ်ခင်းကြတဲ့ မြင်ကွင်း

ပို့စ်တင်ချိန် - 4/18/2014 03:34:00 PM


ဇန်ဘီယာနိုင်ငံက ဇန်ဘီယန်း အမျိုးသား ဥယျာဉ် ( Zambian National Park ) ထဲက ရန်သူတော်တွေ အချင်းချင်း စစ်ခင်းကြတဲ့ မြင်ကွင်းတချို့ပါ။

သူတို့တွေကတော့ ရေမြင်းအုပ်စုနဲ့ မိကျောင်း အုပ်စု တိုက်ခိုက်ကြပြီး ကံမကောင်းတဲ့ ရေမြင်းတကောင် ကတော့ မိကျောင်းစာ ဖြစ်သွားခဲ့ပါတယ်။

ဒါကို ဓာတ်ပုံဆရာတဦးက အမိအရ အခုလို မှတ်တမ်းတင်ထားတာကို The Mirror သတင်းတပုဒ်မှာ
ဖော်ပြ ထားပါတယ်။

တောရိုင်းသဘာဝတွေကို မှတ်တမ်းတင်ရိုက်ကူးတဲ့ သူ Marc Mol က ဒီမြင်ကွင်းကို ရဟတ်ယာဉ်ပေါ်ကနေ ဆာလောင် မွတ်သိပ်နေတဲ့ မိကျောင်း အကောင် ရေ ၁ဝဝ လောက်နဲ့ ရေမြင်းအုပ်စုတို့ရဲ့ တိုက်ပွဲကို အမိအရ မှတ်တမ်း ယူထားတာလို့ ပြောထားပါတယ်။






ဓာတ်ပုံ-Marc Mol
အိမ့်သံစဉ် ~
Irrawaddy