ဧဝရတ်တောင်တက် လမ်းပြကို ဆက်မရှာဖို့ ဆုံးဖြတ်

ပို့စ်တင်ချိန် - 4/21/2014 03:21:00 PM

အသက်ရှင် ကျန်ရစ်သူကို ကယ်ဆယ်နေစဉ် (Credit: AFP) 

ဧဝရတ်တောင်မှာ ​ပျောက်ဆုံးနေတဲ့ ​တောင်တက်လမ်းပြ ​သုံးဦးကို ​ဆက်လက်ရှာဖွေမှုတွေ ​မလုပ်ဖို့ ​ဆုံးဖြတ်လိုက်ပြီ ​ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ​သောကြာနေ့တုန်းက ​ဧဝရတ်​တောင် ​မှာ ​နှင်းထုပြိုကျမှု ​ဖြစ်ခဲ့တဲ့အတွက် ​နီပေါ ​နိုင်ငံသား ​တောင်တက် ​လမ်းပြ ​၁၃ ​ယောက် ​သေဆုံးခဲ့ရပြီး ​သုံးယောက် ​ပျောက်ဆုံးနေတာ ​ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ ​လူတွေကို ​နှင်းတွေကြားမှာ ​အသက်ရှင်လျက်တွေ့ဖို့ ​ခက်ခဲတာကတကြောင်း ​နှင်းတွေကြားမှာ ​လူသေအလောင်း ​ရှာဖွေရတာ ​ခက်ခဲတာတွေကြောင့် ​ရှာဖွေမှုတွေ ​ရပ်တန့် ​လိုက်ပါတယ်။

ဒီဖြစ်ရပ်ဟာ ​ဧဝရတ်တောင်မှာ ​ဖြစ်ခဲ့တဲ့ ​မတော်တဆမှုတွေထဲက ​အဆိုးဝါးဆုံးထဲမှာ ​ပါဝင်တယ်လို့လည်း ​သိရပါတယ်။

တောင်တက်ကျွမ်းကျင်တဲ့ ​နီပေါဒေသခံလမ်းပြတွေဟာ ​တောင်တက်သမားတွေ ​တောင်တက်အဆင်ပြေအောင် ​အရင်စောစောထွက်ပြီး ​ကြိုးတွေကို ​ကြိုတင်ပြင်ပေးနေတုန်း ​အခုလို ​နှင်းထုတွေ ​ပြိုကျခဲ့တဲ့အတွက် ​သေဆုံးကြတာဖြစ်သလို ​၃ ​ယောက်လည်း ​ဒဏ်ရာရရှိခဲ့ပါတယ်။

ခုလောလောဆယ် ​ထူးဖောင်ဒေးရှင်းရဲ့ ​ထောက်ပံ့မှုနဲ့ ​မြန်မာနိုင်ငံက ​တောင်တက်အဖွဲ့တွေလည်း ​ဧဝရတ်တောင်တက်နိုင်ဖို့ ​ကြိုးစားနေကြပြီး ​တောင်တက်သမား ​၅ ​ယောက်ထဲက ​တစ်ယောက်ကတော့ ​ကျန်းမာရေးအခြေအနေကြောင့် ​မြန်မာနိုင်ငံကို ​ပြန်လာခဲ့ရတယ်လို့လည်း ​ထူးဖောင်ဒေးရှင်းရဲ့ ​ဖေ့စ်ဘွတ်မှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia