စင်္ကာပူရောက်ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက်

ပို့စ်တင်ချိန် - 4/10/2014 08:27:00 AM



စင်္ကာပူရောက်ဗုဒ္ဓဘာသာ မြန်မာများခင်ဗျာ....
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားရောက်နေကြပေမယ့် ....
သာသနာတွင်းမှာသာ သိခွင့်၊ ကျင့်သုံးခွင့်ရနိုင်သော ၀ိပဿ နာတရားများကို အားထုတ်ခွင့်ရစေရန်နှင့်
တရားအားထုတ်ခြင်းဖြင့် ဆင်းရဲကင်းရာအမှန် မြတ်နိဗ္ဗာန်ကို လျှင်မြန်စွာ မျက်မှောက် ပြုစေနိုင်ရန် ရည်ရွယ်၍
အကျိုးလိုလားကြကုန်သော စင်္ကာပူရောက် ဓမ္မမိတ်ဆွေများမှ မြစိမ်းတောင် ဆရာတော် ၀ိပဿ နာ (၁၀) ရက် တရားစခန်း စီစဉ်ထားပါသည်။
ထိုတရားစခန်းကို ယောဂီများ စိတ်အေးချမ်းသာစွာ တရားအားထုတ်နိုင်စေရေး အဓိကထား၍ စင်္ကာပူရှိ တရားစခန်းလုပ်ရန် နေရာများထဲမှ အကောင်းဆုံးနေရာတခုဖြစ်သော St John's Island Camp တွင် အခက်အခဲအမျိုးမျိုး နှင့် များပြားလှသော စီမံမှုများကို ဖြတ်သန်းကာ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ အကောင်းဆုံး စီစဉ်ထားပါသည်။
အလှူ ရှင်များ၊ ယောဂီအလှူ ရှင်များမှလည်း ဆွမ်း၊ ရေ၊ နေရာထိုင်ခင်း၊ သင်္ဘောခစသည်ဖြင့် လိုအပ်သည်များကို လှူ ဒါန်းထောက်ပံ့ ထားကြပါသည်။
ထို့ အတွက် တရားအားထုတ်လိုကြတဲ့ မိတ်ဆွေများ အနေဖြင့် မည့်သည် အခကြေးငွေ တစုံတရာမှ ပေးသွင်းရန် မလိုအပ်ပဲ
၁) တရားအားထုတ်ရန်အတွက် လုံလောက်သော ရတနာသုံးပါးကို ယုံကြည်မှု သဒ္ဓါတရား
၂) တရားစခန်းအတွက် ခွင့်ရက် အချို့  နှင့်
၃) တကိုယ်ရေ အ၀တ်အစား အသုံးအဆောင် အချို့ 
သာ လိုအပ်ပါသည်။
( ကုတင်၊ မွေ့ ယာ၊ စောင်၊ ခေါင်းအုံး အားလုံး စီစဉ်ထားပါသည်။ )
" ကုသိုလ်တရားတို့ ၏ အကြောင်းတရားသည် ယောနိသော မနသိကာရ။
ဘယ်ကုသိုလ်မဆို နှလုံးသွင်းမှုမှန်မှ ပြုလုပ်နိုင်တယ် "
ဟု မြစိမ်းတောင်ဆရာတော်ဘုရား မိန့် ကြားထားသည့်အတိုင်း
တရားအားထုတ်ဖြစ်ရန် သင့်တင့်သော နှလုံးသွင်းမှုထားပြီး အခြေအနေပေးခိုက် အကောင်းဆုံး၊ အမွန်မြတ်ဆုံးဖြစ်သည့် ၀ိပဿ နာတရား များကို အားထုတ်ဖြစ်အောင် အားထုတ်ကြပါဟု... တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
ထို့ အပြင် စင်္ကာပူတွင်ရောက်ရှိနေသော မိမိတို့ ၏ မိဘများ၊ ဦးလေး၊ အဒေါ်များ၊ မိတ်ဆွေ သူငယ်ချင်းများကိုလည်း သတင်းပေးခြင်း အားထုတ်ဖြစ်အောင် တိုက်တွန်းပေးခြင်းဖြင့် လည်း ကုသိုလ်ယူနိုင်ကြပါသည်။
ပဉ္စမအကြိမ်မြောက် မြစိမ်းတောင်ဆရာတော် ၀ိပဿ နာ (၁၀) ရက် တရားစခန်း
(စင်္ကာပူ) ၂၀၁၄ အစီအစဉ်
ကမ္မဋ္ဌာနစရိယ ။.......။ မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ
နေ့ ရက်........ ။.......။ ၀၂-၀၅-၂၀၁၄ မှ ၁၁-၀၅-၂၀၁၄ အထိ
နေရာ........... ။.......။ St. John's Island, Singapore (စိန်ဂျွန်းကျွန်း၊ စင်္ကာပူ)
ဝင်ကြေး........ ။.......။ အခမဲ့
လျှောက်လွှာပိတ်ရက်. ။.......။၂၂-၀၄-၂၀၁၄
လျှောက်လွှာတင်ရန်. ။.......။ http://www.myaseintaung.net/registration
ယနေ့ (၀၉-၀၄-၂၀၁၄) အထိ တရားအားထုတ်ရန် စာရင်းပေးသွင်းထားသူပေါင်း (၁၂၁) ဦး ရှိပြီဖြစ်ပြီး (၂၂-၀၄-၂၀၁၄) မှာ လိုအပ်တဲ့ ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် စားရင်းပိတ်မှာ ဖြစ်ပါတယ်။


Young Buddhist's Association