မကျီးချောက်ကျေးရွာတွင် သောက်သုံးရေ အတွက် ရေချိုရရှိစေရန် ကျေးရွာလူထု၏ စိတ်အား၊ လူအား၊ ငွေအားများဖြင့် ကိုယ်ထူကိုယ်ထဆောင်ရွက်လျှက်ရှိ

ပို့စ်တင်ချိန် - 4/26/2014 11:39:00 AM


မိတ္ထီလာ ဧပြီ ၂၅

မိတ္ထီလာမြို့နယ် ဇောင်းချမ်းကုန်းကျေးရွာအုပ်စု၊ မကျီးချောက်ကျေးရွာတွင် သောက်သုံးရေအတွက် ရေကောင်းရေသန့်များရရှိစေရန်နှင့် ကျေးရွာလူထု ရေခပ်ရေသယ်ကိစ္စ အဆင်ပြေချောမွေ့လွယ်ကူစေရန် ရေစင်များဆောက်လုပ်ခြင်း၊ ရေပိုက်သွယ်တန်းနိုင်ရန် လိုင်းကျင်များတူးဖော်ခြင်း၊ ရေစက်အတွက်လျှပ်စစ်မီးများ သွယ်တန်းခြင်းလုပ်ငန်းများကို ကျေးရွာလူထု၏ စိတ်အား၊ လူအား၊ ငွေအားများဖြင့် ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မကျီးချောက်ကျေးရွာတွင် အိမ်ခြေ (၂၀၀) ကျော်ရှိသော်လည်း ရေချိုရရှိသည့် နေရာမှာ အနည်းငယ်သာရှိကြောင်း၊ သောက်သုံးရေအတွက် ရေချိုကို ရွာ၏ တောင်ပိုင်သာရရှိပြီး ကျန်ရှိသည့် နေရာများတွင် ရေငန်များသာ ရရှိသောကြောင့် သောက်သုံးရေအခက်အခဲများ ကြုံတွေ့ကြရကြောင်း၊ ကျေးရွာတွင် တစ်ယူနစ် ငွေကျပ် (၅၀) နှုန်းဖြင့် ရေပေးနေသော်လည်း နွေရာသီတွင် ရာသီဥတု ပူပြင်း ခြောက်သွေ့သောကြောင့် ရေများခန်းခြောက်ပြီး နေရာအနှံ့ ရောက်ခြင်းမရှိသည့်အတွက် သောက်သုံးရေ လုံလောက်မှုမရှိကြောင်း၊ ထို့ကြောင့် ကျေရွာရေပေးရေးကော်မတီဖွဲ့စည်းကာ ကျေးရွာ၏ တောင်ဘက်ရှိ စည်ပင် ဦးစီးဌာနမှ တူးဖော်ပေးထားသော ၄ လက်မ အ၀ီစိစက်ရေတွင်းမှ ကျေးရွာအတွင်းသို့ ရေဖြန့်ဝေပေးနိုင်ရေး အတွက် ရေစက်အတွက် လျှပ်စစ်မီးသွယ်တန်းခြင်း၊ရေစင်တည်ဆောက်ခြင်း၊ (၃) လက်မ ရေပိုက်များဝယ်ယူခြင်း ရေပိုက်ချရန် လိုင်းကျင်းများတူးဖော်ခြင်းလုပ်ငန်ကို ကျေးရွာလူထု၏ စိတ်အား လူအားငွေအားများဖြင့် ကိုယ်ထူကိုယ်ထဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ရေမြောင်းပေါ်မှ ရေပိုက်သွယ်တန်းဆောင်ရွက်နိုင်ရန် ဆည်မြောင်းဦးစီးဌာန၏ ခွင့်ပြုမိန့်ရရှိနိုင်ရန် တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက ကျေးရွာအတွင် မိုးမကျမီ ရေပိုက်သွယ်တန်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ရေပိုက်သွယ်တန်းပြီးလျှင်လည်း ကျေးရွာအတွင်းရှိ အိမ်များသို့ ရေမီတာစနစ်ဖြင့် ပေးဝေးသွားမည်ဖြစ်ပြီး ထိုသို့ပေးဝေရာတွင်းလည်း အသက်သာဆုံးစနစ်ဖြင့် ရေရှည်ခိုင်ခန့်အောင် ကော်မတီများ ညိနှိုင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းကြီး ဆောင်ရွက် ပြီးစီးပါက ကျေးရွာအတွင်း နေရာအနှံ သောက်သုံးရေအတွက် ရေချိုရရှိမှာဖြစ်ပြီး နွေရာသီရောက်လျှင်လည်း ရေပျက်လပ်မှု မကြုံတွေ့နိုင်ကြောင်း ကိုယ့်အားကိုယ်ကိုး ရေပေးဝေရေး ကော်မတီတစ်ဦးမှ ပြောကြာသည်။

MOI Webportal Myanmar