မသင်္ကာသူအားစစ်ဆေးရာမှ ဖုန်းနှင့် နာရီများခိုးယူမှု ပေါ်ပေါက်

ပို့စ်တင်ချိန် - 4/24/2014 07:13:00 AM


ရန်ကုန်၊ ဧပြီ ၂၃

၂၁.၄.၂၀၁၄ ရက်နေ့ ၁၅၄၅ အချိန်တွင် အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း သတင်းစုံစမ်းဆောင်ရွက်နေစဉ် ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ရွှေဘုံသာလမ်း
ထောင့်၌ လက်ကိုင်ဖုန်း(၁)လုံးအား လိုက်လံရောင်းချနေသောလူငယ်
တစ်ဦးအား မသင်္ကာတွေ့ရှိသဖြင့်စစ်မေးခဲ့ရာ ၎င်းမှာ သာကေတမြို့နယ်၊ (၉)ရပ်ကွက်နေ ရာဇာမင်းပြည့်(ခ)တမီးပေါ၊ (၁၉)နှစ်၊ (ဘ)ဦးမောင်မောင်
ဖြစ်ပြီး ၎င်းထံမှ ဆင်းကတ်ပါ SAMSUNGအမျိုးအစား အဖြူ ရောင်လက်ကိုင်
ဖုန်း(၁)လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါလက်ကိုင်ဖုန်းနှင့်ပတ်သက်၍ စစ်ဆေးရာ ပိုင်ဆိုင်ကြောင်း
အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ ၁၂.၄.၂၀၁၄ ရက်နေ့ ၁၄၀၀အချိန်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေးရှေ့ရှိ အလေးမအားကစားရုံအတွင်း၌ အလေးမနေသူ အမျိုးသားတစ်ဦးထံမှ
ဓါတ်ခဲ နာရီတစ်လုံးနှင့်အတူ ခိုးယူလာခဲ့သော ဖုန်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ရာဇာမင်းပြည့်(ခ)တမီးပေါအား ပန်းဘဲတန်း
မြို့မရဲစခန်း(ပ)၁၃၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀/၅၄ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police