ရခိုင်သင်္ကြန်အကြို နံ့သာသွေးပွဲတော်

ပို့စ်တင်ချိန် - 4/13/2014 07:30:00 AM


ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပပြီး ရခိုင်စာပေနှင့် ယဉ်ကျေးမှု ဌာနအဖွဲ့(ရန်ကုန်)နှင့် ရခိုင်လူမူရေး အသင်းများ စီစဉ်ကျင်းပသည့် (၁၁) ကြိမ်မြောက် ရခိုင်ရိုးရာ
သင်္ကြန်ပွဲတော်၊နံ့သာသွေးပွဲတော်ကို ဧပြီ ၁၂ ရက်၊မွန်းလွဲ ၁ နာရီက ရွှေတိဂုံ

ဘုရား အရှေ့ဘက်မုခ် ရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
ယမန်နှစ်ကပြုလုပ်ခဲ့သော နံ့သာသွေးပွဲတော်တွင် ပြိုင်ပွဲဝင် အသင်း(၉)သင်း
သာရှိခဲ့သော်လည်း ယခုနှစ်တွင် ပြိုင်ပွဲ ၀င် အသင်း စုစုပေါင်း (၁၆)သင်းအထိ
တိုးမြှင့်လာသောကြောင့် ပိုမိုစည်းကားမှု ရှိကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဒေါက်တာ စံလှကျော်က ပြောသည်။
သင်္ကြန်အကြိုနေ့ နံနက် ၉ နာရီ၌ ယင်း ဓမ္မာရုံ တွင် နံ့သာရေများဖြင့် ဘုရားများကို ပူဇော်ဆပ်ကပ်မည် ဖြစ်ပြီး မွန်းလွဲ ၁ နာရီတွင် ရခိုင်သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။



Mဘွယ်
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)
Popular Journal