ပရိသတ်များကို လက်မှတ်ခ စိုက်ပေးရန် နောဝစ်ခ်ျ စီစဉ်ထား

ပို့စ်တင်ချိန် - 4/02/2014 11:22:00 PM


ဆွမ်ဆီးကို (၃)ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် လိုက်ပါအားပေးခဲ့သည့် ပရိသတ်များကို တောင်းပန်သည့်အနေဖြင့် ဖူလ်ဟမ်နှင့် ကစားမည့်ပွဲတွင် လက်မှတ်ခ စိုက်ပေးရန် နောဝစ်ခ်ျ အသင်းသားများ စီစဉ်ထားသည်ဟု ဒုတိယ အသင်းခေါင်းဆောင် ရက်ဆယ်မာတင်က ပြောသည်။ နောဝစ်ခ်ျမှာ ဆွမ်ဆီးကို ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့်(၁၈)နေရာမှ ကာဒစ်ဖ်နှင့် (၆)မှတ်သာ ကွာဟပြီး အဆင့်(၁၅)နေရာသို့ ရောက်ရှိခဲ့သည်။

ဆွမ်ဆီးနှင့်ပွဲတွင် နောဝစ်ခ်ျအသင်းကို လိုက်ပါအားပေးသည့် ပရိသတ် ၈၉၉ဦး ရှိခဲ့ပြီး ၎င်းတို့၏ လက်မှတ်ခများကို ပြန်လည်ပေးချေသည့် အနေဖြင့် ဖူလ်ဟမ်နှင့်ပွဲတွင် လက်မှတ်ခပေးရန် မလိုဘဲ ကြည့်ရှုနိုင်ရန် နောဝစ်ခ်ျအသင်းသားများက စီစဉ်နေခြင်းဖြစ်သည်။

@z (ရိုးရာလေး)