ကင်ညာနိုင်ငံမှာ ပေါက်ကွဲမှုတခုကြောင့် လူ ၆ ဦး သေဆုံး

ပို့စ်တင်ချိန် - 4/01/2014 01:05:00 PM


ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်မှာ မတ် ၃၁ ရက်နေ့က ပေါက်ကွဲမှု တခုကြောင့် လူ ၆ ယောက် သေဆုံးပြီး အတော်များများ ဒဏ်ရာရတယ်လို့ အမျိုးသားဘေးအန္တရာယ် ကယ်ဆယ်ရေးဌာနက ပြောပါတယ်။

လူ ၉ ယောက်ကတော့ အသည်းအသန် ဒဏ်ရာရတယ်လို့ ကယ်ဆယ်ရေး အဖွဲ့အစည်းက ပြောပါတယ်။

ကေတီအန် ရုပ်သံကွန်ရက်ကတော့ အခင်းဖြစ်တဲ့နေရာမှာ လူတွေ စုရုံးနေတာကို ရိုက်ကူး ပြသပါတယ်။

မျက်မြင်သက်သေတွေကတော့ ဒဏ်ရာရသူတွေကို လူနာတင်ကားတွေ ကိုယ်ပိုင်ကားတွေနဲ့ ဆေးရုံဆီ သယ်သွားခဲ့တယ်လို့ ပြောပါတယ်။

ဒီလုပ်ရပ်ကို တာဝန်ရှိတယ်လို့ ဘယ်သူကမှ အခိုင်အမာ မပြောသေးပါဘူး။ အရင်ကတော့ ဒီလို တိုက်ခိုက်မှုတွေ ပေါ်ပေါက်ရင် ဆိုမာလီက အယ်လ်ရှာဘတ် အစ္စလာမ္မစ် စစ်သွေးကြွတွေက လုပ်တယ်လို့ အပြစ်တင်လေ့ ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက နိုင်ရိုဘီမြို့ကဈေးတန်းတခုကို တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆၇ ယောက် သေဆုံးခဲ့ပါသေးတယ်။

DVB Burmese