စေတန်ရဲ့ကချေသည် ဇာတ်ကားဟာ ကျွန်တော့်အတွက် အမှတ်တရဖြစ်မှာပါလို့ဆိုတဲ့ နေတိုး

ပို့စ်တင်ချိန် - 4/25/2014 08:49:00 AM


ခင်ဆွေသက်

မကြာခင်မှာ ရုံတင်ပြသတော့မယ့် စေတန်ရဲ့ကချေသည် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သတ်ပြီး ဇာတ်ဆောင် မင်းသား တစ်ယောက်အနေနဲ့ ကြိုးစားပုံဖော်ထားတဲ့ သရုပ်ဆောင် အကယ်ဒမီ နေတိုး ရဲ့ စိတ်ခံစားချက်တွေနဲ့ ဒီကားကြီး ရိုက်ခဲ့စဉ်တုန်းက သူကြိုးစားအားထုတ်ခဲ့ရတဲ့ အပိုင်းတွေကို ခုလို မေးမြန်းကြည့်လိုက်တဲ့အခါ သူက ‘ဒီကားကြီး ကို တနေ့က Press Show ပြန်ကြည့်တဲ့အချိန်မှာ တွက်ထားတဲ့ tempo အတက်အကျက ကွက်တိလေးတွေ သွားကျနေတာ တွေ့ရတယ်။ အဲဒီလိုပြည့်စုံဖို့ဆိုတာ ဇာတ်ကားကြီး တစ်ကားမှာ အရမ်းကို ခဲယဉ်းတယ်ပေါ့။ အရှေ့မှာ ကျွန်တော်ရိုက်ခဲ့တဲ့ ဇာတ်ကားတော်တော်များများက တစ်ဆင်းပြီး တစ်ဆင်းရိုက်ကြရတာလေ။ ဇာတ်ကားအစအဆုံးကို ရိုက်ရတာ မဟုတ်တဲ့အတွက်ကြောင့် ပထမဆုံး စရိုက်တဲ့နေ့က ပထမဆုံး အခန်းကို ရိုက်တာ မဟုတ်ဘူးလေ။ ပထမဆုံးရိုက်တဲ့နေ့က အလယ်ပိုင်းကို စရိုက်တာဖြစ်ရင်ဖြစ်မယ်။ တခါတလေကျရင် ပထမဆုံး နေ့မှာပဲ ဇာတ်သိမ်းကို ရိုက်တာမျိုးလဲရှိတယ်။ အဲလိုမျိုး ရိုက်ကူးရတဲ့အတွက် ဒီကားမှာ ကျွန်တော် သရုပ်ဆောင်ရတဲ့ အပိုင်းမှာ တစ်ကွက်ချင်းစီကို ကျွန်တော်ပြန်ကြည့်တဲ့အခါ ကွက်တိသွားဖစ်နေတာတွေ့ရတဲ့အတွက် အရမ်းကို ကျေနပ်စရာ ကောင်းနေပါတယ်’တဲ့။

ပရိသတ်တွေအနေနဲ့ရော ဒီကားအပေါ် ဘယ်လိုသဘောထားလာနိုင်သလဲဆိုတာကိုလည်း ‘ဒီကားလေးကို ကြိုက်လိမ့်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ စိတ်ရဲ့ အတွင်းထဲမှာ အရမ်းကြီး မွန်းကျပ်တာမျိုး မဟုတ်ပဲနဲ့ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို သရုပ်ဆောင်မှုနဲ့ပြတယ်။ စကားလုံးတွေနဲ့ပြတယ်။ ဇာတ်ရဲ့ presentation အပိုင်းနဲ့ တင်ပြတယ်။ ဒီကားရဲ့ directing အပိုင်းနဲ့ ဇာတ်ညွှန်းအပေါ်မှာ ကျွန်တော်တော်တော်လေး ကျေနပ်မိတယ်။ သရုပ်ဆောင်မှု အပိုင်းကတော့ ဇာတ်ကားစရိုက်ကတည်းကိုက ကိုဝိုင်းက မကြိုက်မချင်း လုပ်တဲ့အခါကျတော့ ဒီကားလေးက ကျွန်တော့်အတွက် အမှတ်တရဖြစ်မှာပါ။ ဒီရုပ်ရှင်ကားကို ကျွန်တော့်အနေနဲ့ ပြန်လည်သုံးသပ်ပြရမယ်ဆိုရင် ဒီကားလေးဟာ ထူးဆန်းတဲ့ကားလေးပါ။ ဒရာမာလဲ ပါပေမဲ့ မေတ္တာတရားကို ဦးစားပေးရိုက်မယ်ဆိုရင် လူငယ်ပရိသတ်အနေနဲ့ရော ဇာတ်ကားတော်တော်များများရဲ့ တင်ပြပုံ ပရိသတ်အတွက် ထိထိမိမိဖြစ်ဖို့ဆိုတာ ခဲယဉ်းတယ်။ အခုဒီကားလေးက ရိုမန့်စ်လဲပါတော့ ဇာတ်ရဲ့ ထူးခြားမှုက ဒါရိုက်တာကြောင့်ပဲ ပရိသတ်ရင်ထဲ ရောက်မဲ့ကားတစ်ကားဖြစ်မယ်လို့ သုံးသပ်မိပါတယ်။ နောက်ဆက်လုပ်ရမှာက မေမြို့ကို ကားရိုက်သွားဖို့ရှိပါတယ်။ ဗီဒီယိုကားတွေ ပါပဲ။ မင်းသမီးက ၀တ်မှုန်ရွှေရည်၊ ဖွေးဖွေး၊ ဒါရိုက်တာက ကိုညိုမင်းလွင်တို့ ပြည်ဟိန်းသီဟတို့ပါ။ ဒီကားလေးက ကျွန်တော်တို့ ကြိုးစားပုံဖော်ထားတဲ့ ကားတွေထဲမှာ ဒီကားလေးတစ်ကားပါပါတယ်။ ဒီကားလေးရုံတင်ရင်လဲ ကြည့်ရှုပြီး ဝေဖန်ပေးကြပါဦးလို့။ အနုပညာကို ပေးဆပ်ရင်းနဲ့ပဲ ဒီလောကမှာ ဖန်တီး ဖြတ်သန်းချင်ပါတယ်။ မျှော်လင့်ချက်နဲ့ အလုပ်မလုပ်ဘူး။ အလုပ်လုပ်လို့လဲမရဘူး။’ လို့ သူက ပြောပြသွားခဲ့ပါတယ်။

Trend Myanmar