အပူလှိုင်းကြောင့် လူတွေ သေဆုံး

ပို့စ်တင်ချိန် - 4/28/2014 03:20:00 PM


မြန်မာနိုင်ငံမှာ ​အပူလှိုင်းတွေ ​ဖြတ်သန်းနေတဲ့အတွက် ​အပူရှပ်မှုတွေဖြစ်ပြီး ​သေဆုံးမှုတွေလည်း ​ဖြစ်နေပါတယ်။

ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ အမိုးအကာမဲ့သွားလာခြင်းကြောင့် အရေးပြား ကင်ဆာရောဂါ ဖြစ်ပွားနိုင်တယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာဆိုရင် ​ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်း ​အပူချိန် ​၄၂ ​ကနေ ​၄၄ ​ဒီဂရီ ​ဆဲလ်စီးရက်စ် ​အထိ ​မြင့်တက်ခဲ့ပြီး ​မန္တလေးမြို့မှာ ​တရက်တည်းအတွင်း ​အပူရှပ်လို့ ​သေဆုံးသူ ​၆ ​ဦးရှိခဲ့တယ်လို့ ​ဒေသတွင်း ​မီဒီယာတွေမှာ ​ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ​တချို့ဒေသမှာဆိုရင် ​မိုးရွာသွန်းရင် ​အအေးဓာတ် ​ရနိုင်ပေမယ့် ​လတ်တလောမှာ ​မိုးရွာသွန်းမှုတွေ ​နည်းပါးနေတယ်လို့လည်း ​ဆိုပါတယ်။

အပူလွန်ကဲမှုတွေကြောင့် ​ဒီနှစ်အတွင်း ​လျှပ်စစ်ပန်ကာတွေ၊ ​အဲယားကွန်းတွေရဲ့ ​ရောင်းအားတွေလည်း ​မြှင့်တက်နေပြီး ​ခါတိုင်းနှစ်တွေထက် ​သုံးဆ ​ပိုအရောင်းသွက်နေတယ်လို့ ​သိရပါတယ်။

ရန်ကုန်နဲ့ ​မန္တလေးမှာ ​UV ​ခရမ်းလွန်ရောင်ခြည်ရဲ့ ​အဆင့်တွေဟာလည်း ​ဧပြီလ ​ကတည်းက ​သာမာန်ထက် ​မြှင့်တက်နေတဲ့အတွက် ​နေမလောင်အောင် ​အကာအကွယ်တွေ ​ပြုလုပ်ကြဖို့ ​အိမ်ပြင်ထွက်ကစားတာတွေ ​မလုပ်ကြဖို့လည်း ​တိုက်တွန်းထားတဲ့အကြောင်း ​အေပီသတင်းမှာ ​ဖော်ပြထားပါတယ်။

ABC radio australia