အလုံမြို့နယ်တွင် နှစ်ထပ်တိုက်ပြိုကျ

ပို့စ်တင်ချိန် - 4/26/2014 09:41:00 PM


ရန်ကုန်(မဇ္ဈိမသတင်းဌာန)။ ။

အလုံမြို့နယ်ရှိ အလုံလမ်းတွင် နှစ်ထပ်တိုက်အိမ်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့သည်ဟု ထိုနေရာသို့ ရောက်ရှိနေသ ည့် မဇ္ဈိမဓာတ်ပုံသတင်းထောက်က ဧပြီ ၂၆ ရက် ညနေ ငါးနာရီခွဲက သတင်းပေးပို့သ ည်။

ထိုနေရာသို့ မီးသတ်ကား ခြောက်စီးခန့်ရောက်ရှိနေပြီး တိုက်ပြိုမှုကြောင့် လူနှစ်ဦးအား ပိမိခဲ့သည်ဟု ၎င်းကပြောသ ည်။ သေဆုံးမှု ရှိ၊ မရှိနှင့် အရေအတွက်အတိအကျကို အသေးစိတ်မသိရှိရသေးဘဲ နောက်ဆက် တွဲအနေဖြင့် မဇ္ဈိမက ဓာတ်ပုံနှင့်တစ်ကွ ဆက်လက် ဖော်ပြပေးပါမည်။

Mizzima Burmese