ရွှေမှော်လုပ်ကိုင်ခြင်းကို မကျေနပ်၍ ယာဉ်နှင့် စက်များကို မီးရှို့ဖျက်ဆီး

ပို့စ်တင်ချိန် - 4/16/2014 01:06:00 PM


ကသာ ဧပြီ ၁၅

ကသာခရိုင် ဗန်းမောက်မြို့နယ် နန်းနွားထွန်ကျေးရွာအုပ်စု မိုးတေ ကျေးရွာအလွန် မံစီကြီးနယ်မြေ ရဲစခန်း အနောက်မြောက် ၂၅ မိုင်ခန့်အကွာ ဟုမ္မလင်းမြို့နယ်သို့ သွားသော ဘက်ဟိုးယာဉ်တစ်စီး မီးလောင် သွားကြောင်း သတင်းအရ ဧပြီ ၁၃ ရက်က မံစီကြီးနယ်မြေရဲစခန်းမှူး ရဲအုပ်ရဲမြင့် ဦးစီးအဖွဲ့သည် သက်သေ ဦးဝင်းမောင် ဦးတင်ဝင်းတို့နှင့်အတူအခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့သည်။
အခင်းဖြစ်အရပ်သို့ ဧပြီ ၁၄ ရက်နံနက် ၂ နာရီ ၃၅ မိနစ်က ရောက်ရှိပြီး ဘက်ဟိုးယာဉ်ပိုင်ရှင် ဦးစိုးလင်း၊ ကျော်ရွာ ဂန့်ဂေါမြို့နယ်နေသူအပါအဝင် အလုပ်သမား ၁၁ ဦးကို တွေ့ရှိမေးမြန်းခဲ့ရာ အဖွဲ့က ဧပြီ ၁၂ ရက် နံနက် ၂ နာရီ မိနစ် ၄၀ က KIA အဖွဲ့ဟု ပြောသော အရပ်ဝတ်ဖြင့် လက်နက်မဲ့ လူ ၁၅ ဦးခန့် ရောက်ရှိလာပြီး ခြင်ထောင်ထဲအိပ်နေသူများကို အပြင်မထွက်ရန်နှင့် ဘက်ဟိုး၌အိပ်နေသော ကိုမျိုးဝင်း သရက်ပင်ရွာ ထန်းတပင်မြို့နယ် ပဲခူးတိုင်းဒေသကြီးနေသူအား ယာဉ်ပေါ်မှ အောက်သို့ ဆင်းခိုင်းပြီး ထိုင်ခိုင်းကာ KOBELCO အမျိုးအစား အစိမ်းနုရောင် ဘက်ဟိုးတစ်စီးနှင့် နဌ/-- ၃ ကီလိုဒိုင်နမိုတွဲလျက် ၅/၆ အင် ဂျင်တစ်လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဘက်ဟိုးယာဉ်အနောက်ပိုင်း စက်ခန်းပျက်စီးသွားပြီး ထော်လာဂျီ ယာဉ်ရှေ့ ယာဘက်ဘီးမှအပ ကျန်အစိတ်အပိုင်းများ မီးလောင်ပျက်စီးကာ ၅/၆ ဒိုင်နမိုမီးစက်မှာ အနည်း ငယ် မီးလောင်ပျက်စီးခဲ့ကြောင်းတွေ့ရသည်။
ကိုမျိုးဝင်းကို ထိုင်ခိုင်းထားစဉ် မီးလောင်နေရာမှ ထွက်ပေါ်လာသော မီးရောင်ဖြင့် နောက်သို့လှည့်ကြည့် ခဲ့ရာ အဖွဲ့ခေါင်းဆောင်မှာ ခန္ဓာကိုယ်တုတ်၊ အရပ်ပု၊ စကားပြောသွက်၊ လူကိုမြင်လျှင် မှတ်မိသူဖြစ်ပြီး ၎င်း KIA အဖွဲ့မှဖြစ်ကြောင်း၊ ခြံဝင်းအတွင်းမှ ထွက်မသွားရန်နှင့် မိုင်းများ ချထားကြောင်း ပြောပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဘက်ဟိုး၊ ထော်လာဂျီယာဉ်နှင့် မီးစက်တို့ကို မီးရှို့ဖျက်ဆီးသူမှာ KIA အဖွဲ့မှမဟုတ်ဘဲ ရွှေမှော်လုပ်နေခြင်း ကို မကျေနပ်၍ အနီးရွာမှ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဖော်ပြပါသတင်းအား အတည်ပြု စစ်ဆေးနိုင်ရန်အတွက် မြို့နယ်စီမံခန့် ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်း၊မြို့နယ်ရဲတပ်ဖွဲ့မှူး တင်မောင်၊ လ၀ကဦးစီးမှူး ဦးဝင်းနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဝင်းဆွေ၊ သတ္တုရုံးမှ ဦးသန်းထွန်းတို့အဖွဲ့သည်ဧပြီ ၁၄ ရက်က အခင်းဖြစ်နေရာသို့ ထွက်ခွာသွားကြောင်း သိရသည်။

MOI Webportal Myanmar