၁၇နှစ်အရွယ် ဦးလေးနှင့် ၁၃နှစ်အရွယ် တူမတို့ နေအိမ်တွင် နှစ်ဦးတည်း ရှိသောအခါ

ပို့စ်တင်ချိန် - 4/08/2014 03:53:00 PM



ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန် ဆာရဲစခန်းအပိုင်မြို့ချောင်းအင်း ကျေးရွာ မြို့လေးပိုင်းတွင် ဧပြီ ၆ ရက်နေ့၊ နံနက်ပိုင်းက ဦးလေးအရင်း ဖြစ်သူက တူမအရင်းဖြစ်သူကို အလိုမတူဘဲ အဓမ္မသားမယားပြု ကျင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ပြွန်တန်ဆာမြို့ ချောင်အင်းကျေးရွာ မြို့လေးပိုင်း နေ သမီးဖြစ်သူ မ----တို့အလုပ် သွားရောက်လုပ်ကိုင်လျက်ရှိစဉ် အိမ်တွင် ဒေါ်----၏ သား---- (၁၇) နှစ်နှင့် မ-----၏သမီး မ---- (၁၃) နှစ်တို့ ကျန်ရစ်ခဲ့ကြောင်း ၎င်းင်းတို့အပြင်မှ အိမ်ပြန်ရောက်လာ သည့်အခါ ------- (၁၃) နှစ်၏ မိန်းမကိုယ်မမှသွေးများကျဆင်း လျက်ရှိသည်ကိုတွေ့ရကြောင်း ထိုအခါ အဘွားနှင့် မိခင်တို့မှ မေးမြန်းသည့်အခါ ဦးလေးဖြစ်သူ ------မှ သူမကို အဘွားနှင့်မိခင် ဖြစ်သူတို့ အလုပ်သွားနေချိန်တွင် အတင်းအဓမ္မအလိုမတူဘဲ အဓမ်္မ သားမယားပြုကျင့်ခဲ့ကြောင်း ပြန် လည်ပြောပြသိရှိရ၍ အဘွားဖြစ် သူ-------မှ တရားလိုပြုလုပ်တိုင် တန်းချက်အရ ပြွန်တန်ဆာရဲတပ် ဖွဲ့စခန်းမှ သတင်းချက် (ပ)/၆၄၊ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ ဖမ်း ဆီးအရေးယူခဲ့ကြောင်းသိရသည်။



မင်းစစ်သူ(ပဲခူး)
hot news weekly