နေအိမ်တွင် ညအိပ်တည်းခိုသူမှ ပစ္စည်းများခိုးယူသွားသဖြင့် အရေးယူပေးရန်တိုင်တန်း

ပို့စ်တင်ချိန် - 4/10/2014 04:28:00 PM


ရန်ကုန်၊ ဧပြီ ၁၀

သာကေတမြို့နယ်နေ ဦးသိန်းမြင့်မှ ၎င်းသည် ၈.၄.၂၀၁၄ရက်နေ့ ၂၄၀၀ အချိန်ခန့်တွင် နေအိမ်၌ ရှိနေစဉ် လွန်ခဲ့သောတစ်လခန့်ကစ၍ ခင်မင်ရင်းနှီးခဲ့သူ ပန်းဘဲတန်းမြို့နယ်နေ မန၀ရတ်ထွန်း(ခ)သွန်းသံသာ (၂၅)နှစ်မှာ ၎င်း၏နေအိမ်သို့ အငှားယာဉ်ဖြင့်ရောက်ရှိလာကာ မပြန်လိုတော့ကြောင်း၊ ညအိပ်လိုကြောင်းပြောသဖြင့် အိပ်ခွင့်ပြုခဲ့ပြီး တစ်ယောက်တစ်နေရာစီအိပ်ခဲ့ကြောင်း၊ ၄.၄.၂၀၁၄ ရက်နေ့၀၄၀၀အချိန်ခန့်
တွင် အိပ်ယာမှနိုးစဉ် မန၀ရတ်ထွန်း(ခ)သွန်းသံသာ ကိုမတွေ့ရှိရတော့
ကြောင်း၊ ၎င်းမှ မသင်္ကာ၍ နေအိမ်အတွင်းစစ်ဆေးကြည့်ရာ သံသေတ္တာ
အတွင်းမှ ငွေကျပ်သိန်း(၂၀)၊ မန၀ရတ်ထွန်းပေါင်နှံထားသဖြင့် ၎င်းမှ
ရွေးပေးထားသည့် စိန်လက်စွပ်(၁)ကွင်း၊ စိန်လော့ကတ် သီး(၁)ခုနှင့်
ငွေကျပ်(၁၀)သိန်း၊ မှတ်ပုံတင်၊ ၎င်း၏ငွေကျပ်သိန်း(၃၀၀)ခန့်ရှိ ဘဏ်စာအုပ်(၁)အုပ်တို့ ထည့်ထားသော ဘေးလွယ်အိတ်(၁)လုံးမှာ
ပျောက်ဆုံးနေသည်ကိုတွေ့ရှိရကြောင်းနှင့် ယင်းကဲ့သို့ခိုးယူသွားသူ မန၀ရတ်ထွန်း(ခ)သွန်းသံသာ ကိုအရေးယူပေးပါရန်တိုင်တန်းလာခဲ့
ပါသည်။

ထိုသို့တိုင်တန်းချက်အရ မန၀ရတ်ထွန်း(ခ)သွန်းသံသာကို သာကေတမြို့မ
ရဲစခန်း(ပ)၁၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့်အမှုဖွင့်ကာဖမ်းဆီးရမိရေးစုံစမ်း
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police