ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်းကပ်တုံးများအား တိုက်မိ

ပို့စ်တင်ချိန် - 4/14/2014 10:29:00 PM



နေပြည်တော်၊ ဧပြီ ၁၄
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၆၈/၀-၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သာဂရအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ သာယာကုန်းရွာနေ မျိုးမြင့်ဟိန်း(ခ)စိုးစိုး(၂၆)နှစ်မောင်းနှင်လာသည့် ၈ည/xxxx မန်းရွှေမြို့တော်ခရီးသည်တင် ဖြူမီးခိုးကြားရောင်မှန်လုံယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးများအား ၀င်ရောက်တိုက်မိခဲ့ကြောင်းသိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဇီးကျေးရွာနေ ယာဉ်နောက်လိုက် ရဲမျိုးအောင်(၂၃)နှစ်မှာ ယာဉ်ပေါ်မှ ပြုတ်ကျပြီး ကပ်ပယ်အိတ် ဖူးရောင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီးယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်းကြေမွ၊ ၀ဲရှေ့ဘီးကျွတ်၊ တန်ဘိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် မျိုးမြင့်ဟိန်း(ခ)စိုးစိုးအား သာဂရအမြန်လမ်း ရဲစခန်း ယာဉ်(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်