မြန်မာအသင်း မလေးရှားအသင်းကို ခြေစွမ်းပြ အနိုင်ရ

ပို့စ်တင်ချိန် - 4/05/2014 08:02:00 PM



ဂျပန်နိုင်ငံ အိုဆာကာ မြို့မှာ ကျင်းပနေတဲ့ ဂျပန်-အာဆီယံ ယူ ၁၄ ချစ်ကြည်ရေးပွဲစဉ် တတိယနေ့ ဧပြီ ၅ရက်နေ့မှာ မြန်မာ ယူ ၁၄ အသင်းက မနက်ပိုင်းမှာ မလေးရှားအသင်းနဲ့ ကစားခဲ့ပြီး ညနေပိုင်းမှာ ဂျပန်ယူ ၁၄ နဲ့ ချစ်ကြည်ရေးပွဲ ဒုတိယပွဲစဉ်အဖြစ်ကစားခဲ့ ပါတယ်။

ပထမပိုင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီးနောက်ပိုင်း နည်းစနစ်နဲ့ ကြံခိုင်ရေးပြည့်စုံတဲ့ ဂျပန်အသင်းကို ဂိုးသွင်းခွင့်ပေးလိုက်ရပြီး မြန်မာအသင်းက အချိတ်အဆက်အားနည်းလာပြီး ၃ ဂိုး အသွင်းခံလိုက်ရပါတယ်။

မြန်မာအသင်းက ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့မယ့် ဂိုးသွင်းလွဲချော်မှုတွေ ရှိပါတယ်။ မြန်မာအသင်းက ပွဲပြီးခါနီး ၁ ဂိုး ပြန်သွင်းနိုင်ပေးမယ့် ဒိုင်လူကြီး အဆုံးအဖြတ်နဲ့ မရခဲ့ပါဘူး။

မြန်မာလူငယ်တွေကတော့ အခုလို လာရောက်ကစားခွင့်ရလို့ နိုင်ငံတကာ အတွေ့အကြုံတွေနဲ့ ဂျပန်ရဲ့ လေ့ကျင်အားထုတ်မှုတွေ အနီးကပ်တွေ့ မြင်ရလို့ အကျိုးအများကြီးရတယ်လို့

DVB