လမ်းလျှောက်နေသူများကို တောင်းအေစ့်ယာဉ်မှဝင်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ရာ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 4/29/2014 04:44:00 PM


ရန်ကုန်၊ ဧပြီ ၂၉

၂၈.၄.၂၀၁၄ ရက်နေ့ ၂၃၃၅ အချိန် ဗဟန်းမြို့နယ်၊ ဆရာစံလမ်းအတိုင်း ဆရာစံမီးပွိုင့်ဘက်မှ ရန်ကင်းစင်တာဘက်သို့ယာဉ်မောင်း(စုံစမ်းဆဲ)
မောင်းနှင်လာသော ယာဉ်အမှတ်မသိ၊ တောင်းအေ့စ်အမျိုးအစားအဖြူရောင်
ယာဉ်မှ လမ်း၏ယာဘက်လမ်းစပ်အတိုင်း လမ်းလျှောက်သွားနေသူများ
ဖြစ်သည့် ဗဟန်းမြို့နယ်နေ ကိုအောင်ကိုထက်(၁၄)နှစ်၊ ကိုနေလင်းထွန်း (၁၇)နှစ်နှင့် ကိုမျိုးလှိုင်ဝင်း(၁၇)နှစ်တို့(၃)ဦးကို ၀င်ရောက်တိုက်မိခဲ့ပြီး
မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်တိုက်ခံရသူများဖြစ်သည့် ကိုမျိုးလှိုင်ဝင်း
မှာ ဦးခေါင်းနောက်စေ့ပွန်း၊ ခါးပွန်း၊ ၀ဲမျက်ခုံးစုတ်ပြဲ၊ ယာခြေကျင်းဝတ်
ဖူးရောင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့ပို့အပ်ကုသစဉ် သေဆုံး
သွားခဲ့ပြီး ကိုအောင်ကိုထက်တွင် နဖူး၊ နှာတံ၊ အပေါ်နှုတ်ခမ်းတို့၌ ပေါက်ပြဲ
ဒဏ်ရာများနှင့် ကိုနေလင်းထွန်းတွင် နဖူး၊ ၀ဲပါး၊ ၀ဲလက်ခုံတို့၌ပွန်းပဲ့ပေါက်ပြဲ
ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)များ
အဖြစ် တက်ရောက်ကုသလျက်ရှိပါသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်ကာမောင်းနှင်ထွက်ပြေးသွားသူ ယာဉ်မောင်း
အား ဗဟန်းမြို့မရဲစခန်းယာဉ်(ပ)၄၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၀၂
ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police