ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ သင်္ကြန် ၄ နှစ်မြောက် စတုဒီသာကျွေး

ပို့စ်တင်ချိန် - 4/16/2014 09:57:00 AM



ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ ဒီနေ့ မနက်က စတုဒီသာအလှူ ဒုတိယနေ့အဖြစ် နို့စိမ်းခေါက် ဆွဲ ကျွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွှတ်မြောက်လာကတည်းက နှစ်စဉ်သင်္ကြန်အခါတိုင်း စတုဒီသာကျွေးခဲ့တာ အခုဆို ၄ နှစ်မြောက်ရှိသွားပြီလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုကျော်စိုးနိုင် က ပြောပါတယ်။

"ကျနော်တို့ အမေစု အကျယ်ချုပ် စလွှတ်ပြီးကတည်းက သင်္ကြန်တိုင်းကို စတုဒီသာကျွေးတယ်၊ ဒီနှစ်နဲ့ဆိုရင် ၄ နှစ်ရှိပါပြီ၊ ဒီနှစ်သင်္ကြန်မှာ ပထမနေ့ကတော့ မုန့်ဟင်းခါး အချိန် ၁၅ဝ ပေါ့နော်၊ ညနေပိုင်းကျတော့ အအေးတိုက်ပါတယ်၊ အခုဒုတိယနေ့မှာတော့ နို့စိမ်းခေါက်ဆွဲ အချိန် ၂ဝဝ ကျွေးမယ်၊ ညနေကျရင် မုန့်လက်ဆောင်းတိုက်ပါမယ်၊ နောက်ဆုံးရက်မှာ ကြာဇံကျော်၊ ခေါက်ဆွဲကျော်နဲ့ ရွှေရင်အေးပေါ့ ကျနော်တို့ စီစဉ်ထားပါတယ်"

ဒေါ်အောင်ဆန်းစုကြည်အိမ်က စတုဒီသာပွဲကို သင်္ကြန်အကျနေ့ကတည်းက ကျွေးခဲ့တာဖြစ်ပြီး သင်္ကြန်အတက်နေ့အထိ ကျွေးသွားမှာဖြစ်ကြောင်းနဲ့  အဲဒီ စတုဒီသာပွဲကို သင်္ကြန်ရေကစားထွက်ရင်း ၀င်ရောက်စားသောက်သူဦးရေ ၆၀၀ နီးပါးလောက်ရှိကြောင်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥရောပခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံ မှာ ရောက်ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်နဲ့ လှိုင်မြို့နယ်က စတုဒီသာမဏ္ဍပ်တွေအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်းက စုစည်းတင်ပြထားပါတယ်။

RFA Burmese