ကားတွင်းအိပ်နေသည့် သမီးရည်းစားစုံတွဲကို ဓားထောက်ကားကိုလုယက်

ပို့စ်တင်ချိန် - 4/24/2014 05:08:00 PM


ရန်ကုန်၊ ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်လမ်းမပေါ်ရှိ အင်းယားကန်ဘောင်အနီးတွင် ဧပြီလ ၂၄ ရက်နေ့ မနက် ၄ နာရီခန့်၌ ဓားထောက်ကာ ကားလုယက်မှု ဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ဦးဝင်းကြည် က မြန်မာသံတော်ဆင့်သို့ ဧပြီလ ၂၄ ရက်နေ့က ပြောသည်။

ဧပြီလ ၂၄ ရက်နေ့၊ မနက် ၄ နာရီခန့်တွင် အင်းယားကန်ဘောင်သို့ လန်ခရူဇာ (၄ခ/၃၉၂၄) ကားဖြင့် သမီးရည်းစားအတွဲ ၃ တွဲ လာရောက်ခဲ့ပြီး ၂ တွဲမှာ ကန်ဘောင်၌ လမ်းလျှောက်နေစဉ် ကျန်တစ်တွဲမှာ ကားအတွင်းအိပ်ကျန်ခဲ့ချိန်၌ လူငါးဦးမှ ဓားထောက်ကာ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“စကေဘာနဲ့ ထောက်ပြီးတော့ ကားယူသွားတာ။ အဲအတွဲကိုတော့ ရွာသာကြီးမှာ ချထားခဲ့တယ်။ ဓားနဲ့က လက်မောင်းတော့ နည်းနည်းထိသွားတယ်။ ဆွဲကြိုးနဲ့လက်စွပ်၊ ဟန်းဖုန်း ၂ လုံးပါသွားတယ်။ ခုကတော့ လိုက်တုန်းပေါ့” ဟု အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ဦးဝင်းကြည်က ပြောသည်။

ဆက်စပ် - သမီးရည်းစား ရန်ဖြစ်ရာမှ သူနာပြုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ ဓားထိုးခံရ

ဝိုင်းမော်