ဟိုက်ဒရိုဂျင်ဓါတ်ငွေ့ပါ မိုးပျံပူဖောင်းအား လေလျော့ရာက သမံတလင်းနှင့် ပွတ်တိုက်မိ၍ မီးလောင်

ပို့စ်တင်ချိန် - 4/18/2014 09:35:00 PM



နေပြည်တော်၊ ဧပြီ ၁၈
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ ည ၇ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ (၂၆)လမ်း၊ (၇၈/၇၉)လမ်းကြား Three Brother တိုက်တန်းအပေါ်ထပ် လေသာဆောင်တွင် တပ်ဆင်ထားသော Ninja အင်ဂျင်ဝိုင်တံဆိပ်ပါ ဟိုက်ဒရိုဂျင်ဓါတ်ငွေ့ထည့် (အချင်း ၃ ပေ ခွဲ၊ အရှည် ၈ ပေခန့်)ရှိ မိုးပျံပူဖောင်းအား ဖြုတ်ယူလေလျော့ရာမှ ပေါက်ထွက်မီးလောင်မှု ဖြစ်ပွားကြောင်းသတင်းအရ ချမ်းအေးသာစံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ချမ်းအေးသာစံမြို့နယ်၊ (၈၂)လမ်း၊ (၃၄x၃၅)ကြားနေသူများဖြစ်သည့် မျိုးဝင်းကျော်(၂၅)နှစ်၊ စိုင်းဘအောင်(၁၈)နှစ်၊ မျိုးမင်းအောင်(၂၇)နှစ်၊ ဇေယျာလင်း(၂၁)နှစ်နှင့် မဟာအောင်မြေမြို့နယ်၊ (၈၂)လမ်း၊ (၃၈x၃၉)ကြားနေ မောင်မြင့်(ခ)အားနီ(၃၁)နှစ်တို့သည် မိုးပျံပူဖောင်းအား လေလျော့ပြန်သိမ်းရန် လေပေါက်ဖွင့်၍ ၀ိုင်းဖိ လေလျော့ရာမှ တိုက်တန်းအပေါ်ထပ်ရှိ သမံတလင်းအပူရှိန်နှင့်ပွတ်တိုက်မိကာ ပေါက်ထွက်မီးလောင် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ မီးလောင်မှုကြောင့် မျိုးဝင်းကျော်ပါ(၅)ဦးတို့တွင် ဆံပင်၊ ယာလက် ကောက်ဝတ်မီးလောင် ဒဏ်ရာများရရှိခဲ့ပြီး တန်ဘိုးငွေကျပ်(၁၀၀၀၀၀ိ/-)ခန့် ဆုံးရှုံးခဲ့သောကြောင့် မျိုးဝင်းကျော်ပါ(၅)ဦးအား ချမ်းအေးသာစံမြို့မရဲစခန်း(ပ)၃၃၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်